14

716 30 0
                                    

[Unicode]

"မာရီယာ...တပြုံးပြုံးနဲ့ ဘာတွေကြည့််ပြီးအဲ့လောက်တောင်သဘောကျနေတာလဲ?"

စားသောက်ဆိုင်မှာ ညစာလာစားနေရင်း မာရီယာက ဇွန်းတောင်မကိုင်သေးဘဲ ဖုန်းကိုပဲကြည့်၍ပြုံးနေတာကြောင့်ဂျောင်ကုမေးလိုက်မိခြင်း။

"ဒီလိုပဲ...ဆိုးလ်ကို ပြန်ရောက်ရင် ဖြစ်မဲ့အရာတွေကို တွေးကြည့်ရင်းကြည်နူးနေတာ"

ဂျောင်ကုလဲ ဆက်မပြောတော့ပဲ ခေါင်းသာခါလိုက်သည်။ သူ့သူငယ်ချင်းကအဲ့လိုလဲ တစ်ခါတစ်လေ အကြောင်းမရှိအရင်းမရှိ ရယ်နေတတ်သေးသည်။ ရူးနေတာလားလို့မေးပြန်ရင်လဲ ကတ်ကတ်လန်အောင်ပြန်အဆဲခံရအုံးမည်။ အခုလဲကြည့် ဆိုးလ်ကိုပြန်ရောက်ရင်ဖြစ်မဲ့အရာတဲ့ တွေးရင်းနဲ့ လန့်တောင်လန့်တယ်။ သေချာပေါက် သူမွှေထားတာပဲဖြစ်မှာပေါ့။

မနက်ဖြန်ဆိုရင်ပဲ ဆိုးလ်ပြန်မှာမို့လို့ တည်းခိုခန်းမှာညကတည်းက ဂျောင်ကုအထုပ်အပိုးတွေသိမ်းဆည်းနေသည်။ သိမ်းပြီးတော့ခနအကြာ ဖုန်းကိုကောက်ဖွင့်လိုက်ပြီး ထယ်ယောင်းဆီဖုန်းဆက်လိုက်သည်။ အရင်ရက်တွေက အလုပ်အကြောင်းတွေချည်းပြောနေတာကြောင့် သူ့ကိုစိတ်ပျက်နေမှာမလွဲဧကန်ပင်။

~လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ မအားသေးပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်~

ဖုန်းမအားသေးတာကြောင့် ဂျောင်ကု 10မိနစ်လောက်နေပြီး ပြန်ခေါ်ကြည့်တော့...

~လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ မအားသေးပါသဖြင့် ခေါ်ဆို၍မရ...~ တီ

နောက်တစ်ခေါက် ခေါ်လဲ ဖုန်းမဝင်ဘဲ ဖုန်းရုံးကမိန်းမအသံကြောင့် ဂျောင်ကုဒေါသကထွက်လာရသည်။

"ဘယ်ကောင်နဲ့ ဖုန်းပြောနေလို့ ဖုန်းကမအားရတာလဲ"

∆∆∆

စံအိမ်ကြီး၏ သခင်ဖြစ်သူ ပြန်လာတာကြောင့် တူညီဝတ်စုံဝတ်ထားသည့် အိမ်စေတွေအားလုံး အိမ်ရှေ့သို့လာရောက်ထွက်ကြိုကြသည်။

ကားပေါ်က ဆင်းဆင်းချင်း သူတို့၏သခင်က တစ်စုံတစ်ဦးကို မျက်ခုံးတွေတွန့်ချိုးကာ ရှာဖွေနေဟန်။

I have a possessive EX(Completed) Where stories live. Discover now