6

776 35 0
                                    


[Unicode]

ဂျောင်ကုက ထယ်ယောင်းနေရမည့်အခန်းကို ကိုယ်တိုင်ကိုယ်ကျလိုက်ပြပေးသည်မို့ ထယ်ယောင်းမှာအားနာနာနဲ့သာ လိုက်လာရသည်။

အိမ်ကကြီးလှသည်မို့ အခန်းဆီကို တော်တော်တော့သွားယူရသည်။

အခန်းတစ်ခန်းရှေ့ရောက်တော့ ဂျောင်ကုက...

"ဒါ...မင်းအခန်းပဲ...ယောင်း"

"ဗျာ...ဟုတ်!"

ဂျောင်ကုက ထိုသို့ပြောပြီး အခန်းရှေ့က ထွက်သွားသည်။
ထယ်ယောင်းမှာတော့ ဂျောင်ကု သူ့ကိုသုံနှုန်းခဲ့သည့် "ယောင်း"ဆိုသည့် နာမ်စားကြောင့် ရင်ခုန်မိသလို ဝမ်းလဲနည်းလာမိပြန်သည်။
ဘယ်လိုပဲဖြစ်ဖြစ် 6နှစ်ကြီးများတောင်လွမ်းနေခဲ့ရတာမဟုတ်လား...

ထယ်ယောင်းလဲ အခန်းထဲဝင်လိုက်တော့ သူ၏အထုပ်အပိုးတွေက သေသေချာချာကျကျနနဖြစ်နေသည်။ အဝတ်ဗီဒိုထဲဖွင့်ကြည့်လိုက်တော့ ဝတ်စုံတွေကို သေသေချာချာ အမျိုးအစားခွဲထားကာ ချိတ်ထားသည်။

တခြားရေချိုးခန်းသုံးပစ္စည်းတွေကိုလဲ ရေချိုးခန်းထဲမှာ စနစ်တကျထားပေးထားသည်။ ကျန်တဲ့ ဓာတ်ပုံတို့ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းတွေထည့်ထားတဲ့အိတ်ကိုတော့ ဘာမှမလုပ်ပေးထားပေ။

ထို့ကြောင့် ထယ်ယောင်းလဲ သူ့ရဲ့မိသားစုဓာတ်ပုံလေးကို ကုတင်ဘေးက ညအိပ်မီးအိမ်လေး တင်တဲ့စားပွဲပေါ်မှာ ထောင်ထားလိုက်သည်။

တစ်နေ့လုံး ပင်ပန်းလာတာကိုလန်းဆန်းမှုဖြစ်သွားစေရန် ရေချိုးဖို့ပြင်တော့...ဘာလို့မှန်းတော့မသိပေမဲ့ ထယ်ယောင်းစိတ်ထဲ တစ်ခုခုကိုမလုံမလဲဖြစ်နေသည်။
သူများအိမ်မို့လို့နေမှာပါလို့သာတွေးလိုက်ပြီး...အဝတ်တွေ ချွတ်ကာ သဘတ်တစ်ထည်ယူပြီး ရေချိုးခန်းထဲဝင်သွားသည်။

သေချာတာတစ်ခုကတော့ တစ်ယောက်သောသူကထယ်ယောင်းရဲ့ လုပ်ပုံကိုင်ပုံအစအဆုံးကို cctv camera ကနေကြည့်နေတယ်ဆိုတာပင်။

ထယ်ယောင်းတစ်ယောက် ရေချိုးခန်းထဲက ပြန်ထွက်လာပြီး အဝတ်အစားလဲလိုက်ကာ ကုတင်ပေါ်ကိုပစ်လှဲလိုက်သည်။ ဘယ်သူ့အိမ်မှာပဲဖြစ်နေဖြစ်နေ ထယ်ယောင်းမပြောင်းလဲတာက ပင်ပန်းလာရင်အိပ်ရာပေါ်မှာခြေပစ်လက်ပစ်နေရတာပင်။ အခုချိန်မှာ သူများအိမ်တွေကိုယ့်အိမ်တွေ မစဉ်းစားနိုင်ဘူး။ ညောင်းချိနေတဲ့ ခန္ဓာကိုယ်ကို အကြောဆန့်ရမည်လေ။

I have a possessive EX(Completed) Where stories live. Discover now