10

791 35 0
                                    

[Unicode]

"အဲ့တာဆို ဂျောင်ကုနဲ့ မင်းနဲ့က အလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးပဲပေါ့"

"အမ်း...အဲ့လိုပြောချင်လဲရတယ်"

ထယ်ယောင်း ဒီတစ်ပတ်ပိတ်ရက်မှာတော့ ဆော့ဂျင်ရဲ့အိမ်သို့ရောက်ရှိနေသည်။ ဖွင့်ရက်တစ်ပတ်လုံး ဂျောင်ကုနဲ့စိတ်ဆိုးထားတာကြောင့် မေးထူးခေါ်ပြောလောက်ပဲလုပ်ဖြစ်သည်။ အဲ့တာတောင် အရေးကြီးတဲ့ အလုပ်ကိစ္စလောက်မှသာ။

"မင်းတို့ဟာကြီးကလဲ၊ မင်းကသူ့အပေါ်ခံစားချက်ရှိနေတုံးပဲလား?"

ဆော့ဂျင်က မီးဖိုပေါ်မှာ တင်ထားတဲ့ဒယ်ပြားထဲက ကင်မ်ချီထမင်းကြော်ကို ယောက်မဖြင့်မွှေရင်း မေးလာ၏။

"အကိုကလဲ...မေးရက်လိုက်တာ။ သူ့အပေါ်ခံစားချက်သာ မရှိတော့ရင် အခုလောက်ဆို ကျတော်မိန်းမရလို့ ကလေး အယောက်20လောက်ထွက်နေပြီဗျ"

ထယ်ယောင်းက တီဗွီရီမုဒ် ကိုဟိုနှိပ်ဒီနှိပ် နှိပ်ရင်း ဆော့ဂျင်ကို ဘုဆတ်ဆတ်ပြန်ဖြေလိုက်သည်။

"ဒီကောင်ကတော့...ငါဒီကနေ ယောက်မနဲ့ကောက်ပေါက်လိုက်ရင်နာတော့မယ်၊ ငါကမင်းကိုအကောင်းမေးနေတာ!"

"အင်းပါ...ကျတ်ာသိပါတယ်၊ ကျတော်ကသာ သူ့ကိုချစ်နေသေးပေမဲ့...သူကတော့..."

ထယ်ယောင်း မာရီယာနဲ့ဂျောင်ကုအကြောင်းကိုတွေးရင်း စိတ်ထဲဝမ်းနည်းလာတာကြောင့် ဒေါသတွေကို တီဗွီရီမုဒ်အပ်ါဖို့ရင်း အားနဲ့ဖိဖိနှိပ်နေသည်။

"ဘာဖြစ်လို့လဲ...သူက..."

"ဘာမှမဟုတ်တော့ပါဘူး...အကိုရာ...။ ကိုယ့်နေရာနဲ့ကိုယ်...သူ့နေရာနဲ့သူနေတာပဲကောင်းပါတယ်။ တန်ရာတန်ရာပဲကောင်းတာပေါ့"

ထယ်ယောင်းက ဝမ်းနည်းစိတ်ကိုချိုးနှိမ်ရင်း တီဗွီထဲအာရုံနှစ်လိုက်သည်။

"ဘာကို တန်ရာတန်ရာပဲလဲ? ဒီမှာ ထယ်ယောင်း မင်းသူ့ကိုချစ်နေသေးရင် ကြိုးစားကြည့်ဖို့တော့လိုသေးတယ်လေ။ ဘာလဲ? သူ့မှာသူသဘောကျနေတဲ့လူနောက်ထပ်ရှိနေသေးလို့လား!"

ထယ်ယောင်း ဆော့ဂျင်ကိုလှည့်ကြည့်မိသည်။ ထမင်းကြော်တွေကို ပန်းကန်လုံးလေးထဲသေသေချာချာထည့်နေတဲ့ ဆော့ဂျင်က သူ့အတွေးတွေကိုနားလည်သည့်ပုံ။ ထယ်ယောင်းဘာမြှပန်မပြောမိ။

I have a possessive EX(Completed) Where stories live. Discover now