16

736 32 0
                                    

[Unicode]

~Ring ~Ring ~Ring~

စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကအသံမြည်လာတာကြောင့် ဂျောင်ကုလဲကိုင်လိုက်သည်။

"ဟယ်လို...အဖေ..."

"သားနဲ့စကားမပြောရတာကြာလို့ ဖုန်းလှမ်းဆက်လိုက်တာ..."

တစ်ဖက်က အဖေဖြစ်သူကပြန်လည်ဖြေကြားသည်။

"သား companyမှာအဆင်ပြေရဲ့လား။ ဒီတစ်ခေါက် ပရောဂျက်ကအရေးကြီးတယ်။ သားနည်းနည်းတော့ပင်ပန်းလိမ့်မယ်"

"သား အဆင်အပြေပါတယ်... "

"အင်း...ဟုတ်ပါပြီ...သားရယ်။ ဒါနဲ့ အဖေသတင်းကြားထားတယ်နော်..."

"ဘာကိုလဲအဖေ?..."

"ငါ့သားကတော့ကွာ... အဖေက မင်းရဲ့အဖေပါကွ။ မာရီယာအဖေ့ကိုပြောပြတယ်။ ဘယ်လိုလဲ မင်္ဂလာသတင်းဘယ်တော့ကြားရမှာလဲ..."

"သားအဲ့တာတော့...သေချာမစဉ်းစားရသေးဘူးအဖေ။ ထယ်ယောင်းကို အရင်မေးကြည့်မလို့..."

"အင်း...ဟုတ်ပါတယ်လေ...သူ့မိဘတွေကိုလဲအကြောင်းကြားရအုံးမှာပေါ့..."

"ဒါနဲ့ အမေရော..."

ဂျောင်ကုကမေးလိုက်တော့...

"မင်းအမေလား...အဖေ့ကိုစိတ်ကောက်နေတယ်ကွာ...ဘယ်လိုချော့ချော့၊ချော့လို့ကိုမရဘူး။ "

ဂျောင်ကု သူ့အဖေရဲ့ သက်ပြင်းချသံကိုဆက်ဆက်ကြားလိုက်ရပါသေးသည်။

"ဟုတ်ပါပြီ... အဲ့တာဆိုလဲ အဖေ့ရဲ့လေဒီလေးကို အရင်သွားချော့လိုက်ပါအုံး...ဟားဟား"

သားအဖနှစ်ယောက်ဖုန်းပြောတာ ပြီးဆုံးသွားတော့... ဂျောင်ကုသူ၏လုပ်လက်စအလုပ်တွေကိုသာဆက်လုပ်နေသည်။

~ဂျောက်~

"ဂျောင်ကုကီး~!!"

ဂျောင်ကုလက်မှတ်တွေထိုးနေရင်းနဲ့မှ အခန်းထဲဝင်လာသော မာရီယာ့အား ကြည့်လိုက်သည်။

"ထူးထူးဆန်းဆန်း...ကိုယ့်ရုံးခန်းထဲထိလာတာပါလား? ဘာအရေးကြီးကိစ္စရှိလို့လဲ..."

ထိုအခါ မာရီယာက ဂျောင်ကုအလုပ်စားပွဲရှေ့က ဆိုဖာတွင်ဝင်ထိုင်ကာ...

I have a possessive EX(Completed) Where stories live. Discover now