4

728 35 0
                                    

[Unicode]

ဖတ်လက်စ ဝတ္ထုစာအုပ်ကိုပိတ်ကာ စာအုပ်စင်ပေါ်ပြန်တင်လိုက်သည့် ထယ်ယောင်း...။

အလုပ်သွားလျှောက်ထားတာ အင်တာဗျူးသွားဖြေရမှာမို့ စာအုပ်ဖတ်ဖို့အတွက်အချိန်ကမရှိတော့။ဒီကြားထဲ မဆီမဆိုင် နာကျင်စရာအတိတ်တချို့က ပြန်တွေးမိနေပြန်သည်။

ဒီလိုဖြင့်ထယ်ယောင်းတစ်ယောက် ရေချိုးခန်းထဲဝင်ကာ အင်တာဗျူးသွားဖြေရန်ပြင်ဆင်ရတော့သည်။ ဒီတစ်ခေါက်အင်တာဗျူးဖြေတာ ဖြေနိုင်မှရမည်။ အရင် companyတွေ အလုပ်သွားလျှောက်တာ တောက်လျှောက် ထယ်ယောင်းကို အလုပ်လက်မခံတာချည်းပဲ။

ပညာရေးကြောင့်ဆိုလဲ ပြောစရာမရှိ။ ထယ်ယောင်းက ကျောင်းလဲပြီးထားပြီးသားလူ... ပြီးတော့ ဘွဲ့လဲရထားပြီးသား။ တက္ကသိုလ်ကျောင်းပြီးကတည်းက အလုပ်လျှောက်လာတာ အခုထိ အလုပ်မရသေးတာပင်။ တစ်ခါတစ်လေ စဉ်းတောင်စဉ်းစားမိပါသည်။
*တစ်ယောက်ယောက်ကများ ငါအလုပ်မရအောင် လုပ်နေတာလား* လို့လေ။

"အမေရေ...သားသွားတော့မယ်နော်... "

ဧည့်ခန်းက ဆိုဖာပေါ်မှာ အချိုပွဲထိုင်စားနေတဲ့ အမေ့ကိုထယ်ယောင်းနှုတ်ဆက်လိုက်သည်။

"သား သွားတော့မှာလား... ဒီတစ်ခေါက်တော့ အလုပ်ရလာပါစေလို့ အမေအိမ်ကနေဆုတောင်းပေးနေမယ်နော် သားရေ"

"ဟုတ်ကဲ့ပါ...အမေရေ့!"

ထယ်ယောင်းရဲ့အမေလဲ သူ့သားကိုပြောတဲ့အတိုင်း ဆုတွေထိုင်တောင်းနေရသည်။ သူ့သားဘယ်လောက်ထိအလုပ်လိုချင်နေလဲ ဆိုတာ သူကိုယ်တိုင်သာအသိဆုံး။ ဘွဲ့ရပြီးကတည်းက အလုပ်လိုက်လျှောက်တာ ဘယ် companyကမှ လက်မခံပေ။ဒီတစ်ခေါက်တော့ သားလေးကို အလုပ်လေးရလာစေချင်ပါသည်။ မဟုတ်ရင်တော့ တစ်ပတ်လောက်က စားမဝင်အိပ်မပျော်ဖြစ်နေမဲ့ သားဖြစ်သူကိုမြင်နေရပေလိမ့်အုံးမည်။

∆∆∆

ကိုယ့်နာမည်ခေါ်မည့်အချိန်ကို ထယ်ယောင်းရင်ခုန်စွာစောင့်နေမိသည်။ ရှေ့ကလူတွေကတော့ တစ်ယောက်ပြီးတစ်ယောက် ငေးမှိုင်စွာ အင်တာဗျူးဖြေရသည့် အခန်းထဲကနေ ထွက်လာကြသည်။ သေချာပေါက် အလုပ်မရခဲ့တာဖြစ်နိုင်သည်။
ထယ်ယောင်းကတော့ ပျော်ရမလို ဝမ်းနည်းရမလို။ ရှေ့ကလူတွေကို အလုပ်လက်မခံသေးတာက သူ့အတွက်အလုပ်ရဖို့ကံရှိသေးသည်။ ဒါပေမဲ့ အဲ့လိုလူတွေတောင် အလုပ်မရတာ...သူဆို...။

I have a possessive EX(Completed) Where stories live. Discover now