13

721 32 0
                                    


[Unicode]

ဒီတစ်ပတ် ပိတ်ရက် အဖေနဲ့အမေဆီပြန်မှာမို့ ထယ်ယောင်းစောစောစီးစီးရေမိုးချိုးကာ သွားဖို့အဆင်သင့်ဖြစ်နေသည်။ ညကကိစ္စကိုခေါင်းထဲထုတ်ကာ အခုတော့ ရွှင်ရွှင်လန်းလန်းနေမှရမည်။

ဆောင်းတွင်းဝင်ကာစဖြစ်သည်မို့ long coatတစ်ထည်ကိုကောက်စွတ်ပြီး အပြင်ထွက်ရန်တံခါးဖွင့်လိုက်ချိန်မှာတော့...

"ဂျောင်ကု..."

"ဘယ်သွားမလို့လဲ?"

"အဖေနဲ့အမေဆီပြန်မလို့..."

"လိုက်ပို့ပေးမယ်..."

ထယ်ယောင်းလဲအို့တို့အန်းတန်း။ တကယ်ပါပဲ...တမင်တကာ သူမသိအောင် စောစောစီးစီးထွက်ပါတယ်ဆိုကာမှ...

"အင်း...သဘော..."

မတတ်နိုင်တဲ့အဆုံး ဂျောင်ကုကားနဲ့သာ လိုက်ပါလာခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် busကားခ သက်သာတာပေါ့။

ဂျောင်ကုက ကားကို အာရုံစိုက်မောင်းနေရင်း...

"ညကလေ..."

"ကား...ခနရပ်အုံး။ မုန့်သွားဝယ်ချင်လို့..."

ဂျောင်ကုလဲစကားကိုဆုံးအောင်ပြောမရဘဲ ကားကိုရပ်ပေးလိုက်ရသည်။

"မင်းမနက်စာမစားရသေးဘူးမလား...ဂျောင်ကု"

"အင်း..."

"ဝယ်လာခဲ့ပေးမယ်...ခနစောင့်"

ထယ်ယောင်းကထိုသို့ပြောကာ ကားပေါ်ကဆင်းပြီး mini marketဆီသို့ပြေးသွား၏။ ဂျောင်ကုလဲ ရှင်းပြခွင့်မပေးသောသူကို ဘယ်လိုပြောပြရမလဲမသိတာကြောင့် သက်ပြင်းမောသာချမိသည်။ ခနနေတော့ ထယ်ယောင်း mini marketထဲကထွက်လာသည်။ ထို့နောက်ကားထဲဝင်ထိုင်လိုက်ပြီး...

"ရော့...မင်းဖို့..."

Banana milkတစ်ဘူးနဲ့ readymadeအသားညှပ်ပေါင်မုန့်တစ်ခုအား ဂျောင်ကုကို ပေးသည်။ ဂျောင်ကုလဲ ယူပြီးဖောက်စားလိုက်သည်။ ထယ်ယောင်းကတော့ အသားညှပ်ပေါင်မုန့်နဲ့ နို့စတော်ဘယ်ရီတစ်ဘူးဖြင့်...

"ညက ဘာဖြစ်လို့တုံး ဂျောင်ကု...။ ငါတောင်ဘာမှမမှတ်မိတော့ဘူး။ ဒါနဲ့ နေပါအုံး...မင်းဘယ်တော့ ငါ့ကို အဖြေပြန်ပေးမှာတုံး!"

I have a possessive EX(Completed) Where stories live. Discover now