"မင်းလားငါ့ညီမကိုငြင်းလိုက်တာ"
clubမှာyoongiနဲ့ချိန်းထားပြီးမလာသေးတာကြောင့်သူတစ်ယောက်တည်းဝိုင်သောက်ရင်းထိုင်စောင့်နေတုန်းဘယ်ကမသိတဲ့လူသုံးယောက်သူဆီကိုရောက်လာပြီးဘလိန်းကြီးဖြဲနေကြသည်။
"ဘာတွေလာပြောနေတာလဲ "
"kim seok jinဆိုတာမင်းမလား"
"ဟုတ်တယ်လေဘာဖြစ်လဲ"
"မင်းငါ့ညီမလေးကိုလူပုံအလယ်မှာငြင်းလိုက်လို့အခုငါ့ညီမလေးရှက်ပြီးကျောင်းမသွားတာတစ်ပတ်ရှိပြီ"
"အဲ့တော့ငါကဘာလုပ်ပေးရမှာလဲ "
"မင်းကဘာကောင်မို့လို့ငါ့ညီမလေးကိုငြင်းရဲရတာလဲ"
"ငါမကြိုက်လို့ငါငြင်းတာဘာဖြစ်လဲ"
"ငါ့ညီမလိုလှတပတလေးကိုမင်းကမကြိုက်ဘူးဆိုတော့ဘာလဲမင်းကယောကျာ်းချင်းပဲကြိုက်တာလား ဟား...ဟား...ဟား...."
"ဘာ! မင်းတို့ဘာခွေးစကားပြောတာလဲ"
"မဟုတ်လို့လား အချောလေးရဲ့ မိန်းကလေးတွေမကြိုက်မှတော့မင်းကယောကျာ်းလေးတွေကိုကြိုက်လို့ပေါ့ ညီမကိုမကြိုက်ဘူးဆိုတော့သူ့အကိုဖြစ်တဲ့ငါ့ကိုရော ငါ့ကိုရောမကြိုက်ဘူးလားလို့"
"ငါ့လက်ကိုလွှတ်နော်"
"ဟျောင့်တွေမျက်နှာလေးပဲချစ်ဖို့ကောင်းတာမဟုတ်ဘူး အသားလေးကနုဖက်နေတာပဲကွာ ယောကျာ်းလေးဖြစ်ပြီးဒီလောက်တောင်နုဖက်နေရလားလို့"
"ငါတို့လဲကိုင်ကြည့်ချင်တယ်ကွာ"
"မင်းတို့ရှေ့မတိုးလာနဲ့နော်"
"ရှေ့မတိုးလာနဲ့တဲ့ ကြောက်နေတာလေးကိုကြည့်ပါဦး ချစ်စရာလေးကွာ"
seok jinတို့ထိုင်နေကျနေရာကလူသိပ်မထိုင်သလိုချောင်ကျတဲ့နေရာဖြစ်တာကြောင့်ရောသီချင်းသံတွေနဲ့ပါလုံထွေးနေတာကြောင့်သူတို့ကိုဘယ်သူမှသတိမထားမိကြပေ။
"မင်းတို့မသွားရင်ငါအော်လိုက်မှာနော်"
ထိုသုံးယောက်ကသူ့ထက်လူကောင်ကြီးသလိုဗလခပ်ထောင့်ထောင့်တွေဖြစ်ပြီးသူ့ပြန်ခုခံလဲသူပဲခံရမယ်ဆိုတာသိနေတာကြောင့်သူ့ရဲ့စူပါhigh noteအသံကိုသာသုံးရမည်။ kim seok jinဆိုတာသူ့အသားနာမှာကိုသေမတတ်ကြောက်သည်။
YOU ARE READING
Parallelogram
Romancejungkookနဲ့jinဆိုတာမျဥ်းပြိုင်တွေလိုပဲဘယ်လိုမှပေါင်းစပ်လို့မရနိုင်ဘူး