jungkookနိုးလာတာတော့အဘွားတစ်ယောက်မီးဖိုချောင်မှာအလုပ်ရှုပ်နေသည်။
"အဘွားဘာတွေလုပ်နေတာလဲ"
"မြေး...နိုးပြီလား"
"ဟုတ် အဘွားအစောကြီးဘာတွေလုပ်နေတာလဲ"
"အော်...jinnieလေးတွက်မနက်စာပြင်နေတာလေ"
"အဲ့တာများအဘွားရယ် အိမ်ကအလုပ်သမားတွေကိုခိုင်းလိုက်လဲရတာကိုအဘွားကိုယ်တိုင်လုပ်စရာမလိုပါဘူး"
"jinnieလေးကနေမကောင်းတော့အဘွားကိုယ်တိုင်လုပ်ပေးနေတာပါ"
"အဘွားရယ် သေလောက်တဲ့ဝေဒနာခံစားနေရတာမှမဟုတ်တာ မဖြစ်စလောက်ဒဏ်ရာလေးကိုအဘွားကိုကပိုလွန်းတယ်"
"ပိုတော့ဘာဖြစ်လဲ ရော့...."
"သားစားဖို့လား"
"မဟုတ်ပါဘူး jinnieလေးအခန်းထဲကိုသွားပို့ပေးလိုက်"
"မပို့ပေးနိုင်ပါဘူး သူ့ဘာသာလာစားပါစေပေါ့"
"ဟဲ့ငါ့မြေးကခြေထောက်နာနေတာလေ လမ်းမှမလျှောက်နိုင်တာကို ကဲသွားပို့ပေးစမ်းပါ"
"အဘွားကလေ သားကိုဆိုခိုင်းဖို့ချည်းပဲ"
"ငါ့မှာမြေးဆိုလို့မင်းပဲရှိတာလေ"
"ဟုတ်ကဲ့ခင်ဗျ "
"ဒီကောင်လေးအခုတလောရွဲ့တတ်လာတယ်"
အဘွားပေးတဲ့အစားအသောက်ဗန်းကိုကိုင်ရင်းseok jinအခန်းရှေ့ရောက်လာခဲ့သည်။
"seok jinအဘွားကမင်းတွက်မနက်စာလာပို့ခိုင်းလိုက်လို့ငါလာပို့တာ"
အထဲကပြန်ဖြေသံမကြားတာကြောင့်အိပ်ပျော်နေသေးသည်အထင်နဲ့jungkookကိုယ့်ဘာသာပဲတံခါးဖွင့်ဝင်လိုက်သည်။အထဲရောက်တော့ကုတင်ပေါ်မှာseok jinကိုမတွေ့တာကြောင့်jungkookခေါင်းကြီးသွားသည်။
"seok jin...seok jinဘယ်ရောက်သွားတာလဲ"
jungkookအပြင်ပြန်ထွက်မယ်အလုပ်ရေချိုးခန်းတံခါးပွင့်လာပြီးအထဲကနေseok jinထွက်လာသည်။ရေချိူးပြီးထွက်လာတာကြောင့်အောက်ပိုင်းတွင်သပတ်တစ်ထည်သာပါသည်။ရေချိုးပြီးခါစမို့ရေချိုးဆပ်ပြာနို့နံ့သင်းသင်းလေးနဲ့အတူမခြောက်သေးတဲ့ဆံပင်ပေါ်ကနေတစ်ဆင့်ရင်ဘတ်ဖွေးဖွေးလေးပေါ်စီးကျနေတဲ့ရေစက်တွေကjungkookကိုဆွဲဆောင်လို့နေသည်။ပုခုံးတစ်ခုသာကျယ်ပြီးချန်တဲ့နေရာတွေကအဆီပိုမရှ်ိသွယ်လျနေတာကလဲjungkookကိုတစ်မျိုးဆွဲဆောင်နေပြန်သည်။ အဓိကjungkookကိုဆွဲဆောင်နေတာကတော့seok jinခါးမှာထိုးထားတဲ့Jဆိုတဲ့တက်တူးလေး။jungkookကြည့်နေရင်းအာခေါင်ခြောက်လာပြီးတံထွေးမျိုချနေရတာအကြိမ်ကြိမ်။
YOU ARE READING
Parallelogram
Romantikjungkookနဲ့jinဆိုတာမျဥ်းပြိုင်တွေလိုပဲဘယ်လိုမှပေါင်းစပ်လို့မရနိုင်ဘူး