"ဘာကိုရတာလဲ"
"စီ...စီနီယာjungkook hyung ကျွန်တော်တို့မမြင်လိုက်လို့ပါ တောင်းပန်ပါတယ်"
"တောင်းပန်တိုင်းကျေနပ်ရမှာလား"
"ဗျာ.."
"မဗျာနဲ့ မတော်လို့ခြေထောက်ကျိုးသွားရင်ဘယ်လိုလုပ်မလဲ မင်းတို့ခြေထောက်အစားထိုးပေးမှာလား"
"တောင်းပန်ပါတယ် ကျွန်တော်တို့ဘာပြန်လုပ်ပေးရမလဲ"
"မင်းတို့ကဘာပြန်လုပ်ပေးနိုင်မှာမို့လို့လဲ "
"စီနီယာခိုင်းတာဘာမဆိုပြန်လုပ်ပေးမှာလဲ"
"မင်းတို့လဲဘာမှပြန်လုပ်ပေးစရာမလိုဘူး သွားကြတော့"
"ကျေးဇူးပါ စီနီယာjin hyung"
seok jinသွားခိုင်းတော့ကောင်လေးနှစ်ယောက်နောက်တောင်ပြန်လှည့်မကြည့်ပဲတန်းနေအောင်ပြေးသွားသည်။
"jungkook ငါ့ကိုလာထူးဦး"
"ဘာလို့ထူရမှာလဲ မင်းဘာသာဟိုကောင်လေးနှစ်ယောက်ကိုလွှတ်ပေးလိုက်ပြီး "
"မထူပေးလဲနေကွာ"
seok jinတို့ကနည်းနည်းလေးတောင်လုပ်ပေးချင်စိတ်ဖြစ်အောင်အောက်မကျို့ပဲမာနကခပ်ကြီးကြီး။အခုလဲမထူပေးလဲနေဆိုပြီးသူ့ဘာသာရအောင်ကုန်းရုန်းထသည်။မတ်တပ်ပြန်ရပ်ခံနီးလေးမှာပင်တစ်ဖန်ဖင်ထိုင်ရပ်ပြုတ်ကျသွားသည်။
"အား...သေပါပြီ"
jungkookလဲမနေသာတော့ပဲseok jinရဲ့ခြေထောက်နဲ့ကျောအောက်ကိုလက်လျှိုသွင်းကာကောက်မချီလိုက်သည်။
"ဘာလုပ်တာလဲ အောက်ပြန်ချပေးငါ့ဘာသာလမ်းလျှောက်မယ်"
"ငြိမ်ငြိမ်နေနော် မဟုတ်ရင်ငါပစ်ချလိုက်မှာ"
"ပစ်ချပေါ့ "
လက်ပေါ်မှာထပ်ပြီးအငြိမ်မနေပဲကော့ထိုးလန်နေတာကြောင့်နောက်ဆုံးခြိမ်းခြောက်မှုအပြင်းဆုံးကိုထုတ်သုံးရတော့သည်။
"kim seok jinမင်းကိုငါလူကြားထဲနမ်းပစ်ရမလား ငါ့ကိုမလုပ်ရဲဘူးမထင်နဲ့"
"နမ်းကြည့်ပါလား ဒီမှာတွေ့လား ငါ့လက်သီးကအကြောင်းသုံးပါးမရွေးဘူး"

YOU ARE READING
Parallelogram
Romancejungkookနဲ့jinဆိုတာမျဥ်းပြိုင်တွေလိုပဲဘယ်လိုမှပေါင်းစပ်လို့မရနိုင်ဘူး