"ဂျွန်ဂျောင်ကု"
"ဘာလဲ....ဟမ်...ဆော့....ဆော့ဂျင်"
"ငါ့နောက်ကွယ်မှာငါ့မကောင်းကြောင်းပြောနေတယ်ဟုတ်လား"
"ပြော...ပြောမိလို့လား.... ဂျီမင်းငါသူ့အကြောင်းပြောမိလို့လား"
"အေ...မပြောပါဘူး"
"ဘာမပြောဘူးလဲ မင်းပဲခုနကဂျင့်အကြောင်းပြောနေပြီးတော့"
"ပြောတယ်ဟုတ်လား ဂျင့်အကြောင်းသူဘာမဟုတ်တာတွေပြောနေတာလဲ"
"ဂျောင်ကုမင်းပြောတဲအတိုင်းငါပြန်ပြောပြလိုက်ရမလား"
"ပြော.....ပြောသူပြောတဲ့အတိုင်းပဲဂျင့်ကိုပြန်ပြော"
"ဂျောင်ကုကပြောတယ်ဂျင်က......ဂျင်ကရုပ်ချောပြီးသိပ်သဘောကောင်းတာတဲ့ တစ်ဖက်သားကိုလဲအမြဲကူညီပြီးကြင်နာတတ်တဲ့သူတဲ့"
"သူအဲ့လိုပြောတာသေချာလို့လား"
"သေချာပါတယ်ဂျင်ရဲ့ ဘာဖြစ်လို့လဲဂျောင်ကုပြောတာအမှန်မဟုတ်ဘူးလား"
"အမှန်တွေပါ"
"ကြားတယ်နော်ငါကမင်းလိုနောက်ကွယ်မှာအတင်းပြောတဲ့သူမဟုတ်ဘူး"
"ဟက်...သက်သေမရှိတော့လဲလုပ်ထားဦးပေါ့ ယွန်းဂီသွားမယ်"
ဆော့ဂျင်ထွက်သွားတော့မှဂျောင်ကုအသက်ရှူပြင်းပြင်းချနိုင်တော့သည်။
"တော်သေးတာပေါ့ မင်းတို့ကလဲသူရောက်နေတာကိုမပြောကြဘူး"
"ပြောဖို့အချိန်တောင်ရလို့လားမင်းဟာမင်းဇွတ်တွေလွှတ်နေပြီးတော့"
"ကြားသွားလဲဂရုမစိုက်ပါဘူး ငါကအမှန်တောင်ပြောတာပဲဟာ"
"ဘာကိုအမှန်တွေလဲ ထယ်ယောင်းအဲ့ကောင်ပြောတာတွေမယုံနဲ့ အလကားဆော့ဂျင်နဲ့သူမတည့်လို့လျှောက်ပြောနေတာ"
"ငါလဲထင်ပြီးသားပါ ဂျင့်ပုံစံကဒီကောင်ပြောသလိုမဟုတ်လောက်ပါဘူးလို့"
"အော်အော်.....အတော်ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ ငါဘက်ကမပါပဲဟိုငနှဲကောင်ဘက်ကပါနေတယ်"
"မှန်တဲ့ဘက်ကိုပါရမှာပဲဟုတ်တယ်မလားထယ်ယောင်း"
"ဒါပေါ့ကွာ"

YOU ARE READING
Parallelogram
Romancejungkookနဲ့jinဆိုတာမျဥ်းပြိုင်တွေလိုပဲဘယ်လိုမှပေါင်းစပ်လို့မရနိုင်ဘူး