"jinnieမြေးလေးတော်တော့လို့"
"အဘွားကလဲသားဆော့ချင်သေးတယ်"
"ဖျားမှာစိုးလို့ပါ အိမ်ထဲဝင်ရအောင်"
"နောက်ဆယ်မိနစ်ပဲ"
"မြေးဆော့နေတာကြာနေပြီလေ"
"လုပ်ပါအဘွားကလဲ"
အဘွားပန်းပင်ရေလောင်းနေတုန်းဆော့ဂျင်ရောက်လာပြီးကူလောင်းပေးချင်တယ်ပြောလို့ရေပိုက်ပေးလိုက်တာပန်းပင်ရေမလောင်းပဲသူ့ဟာသူပြန်လောင်းပြီးဆော့နေလိုက်တာတစ်နာရီနည်းပါးလောက်ရှိတော့မည်။
အိမ်ထဲဝင်ခိုင်းတာကိုဆယ်မိနစ်ဆိုပြီးပြောပြောနေတာလဲအကြိမ်ကြိမ်။နေကလဲပူနေတော့အပူရှပ်မှာကြောက်လို့တက်ခိုင်းနေတာကိုပေကပ်ကပ်လုပ်နေသည်။
ပန်းပင်ခြံဝန်းနဲ့ဂျောင်ကုအိပ်ခန်းကကပ်ရပ်ဆိုတော့ဆော့ဂျင်တို့ပြောစကားတွေကိုအတိုင်းသားကြားနေရသည်။အသံဆွေဆူနေတာကြောင့်သူဆက်မအိပ်နိုင်တော့ပဲနှောက်ကျိနေတဲ့ခေါင်းကိုတစ်ချက်နှစ်ချက်ထုကာကုတင်ပေါ်ကဆင်းပြီးပြတင်းပေါက်နားလျှောက်သွားလိုက်သည်။
"မနက်စောစောစီးစီးဘာလို့အဲ့လောက်တောင်ဆူညံနေကြတာလဲ"
အိပ်ချင်မပြေသေးတဲ့မျက်လုူံကိုပွတ်သပ်ပြီးခြံပြင်ကိုကြည့်လိုက်တော့ရေနဲ့ဆော့နေတဲ့ဆော့ဂျင်။
"ရူးများနေလားမသိဘူးစောစောစီးစီးရေဆော့နေရတယ်လို့"
"မြေးတော်တော့ဆိုကွယ် မနက်စာစားရအောင်အဆင်သင့်ဖြစ်နေပြီ"
"ခနလေးပါအဘွားကလဲ"
"အဘွားပြောအရရင်ဂျောင်ကုကိုလွှတ်ပြီးပဲလာခေါ်ခိုင်းလိုက်တော့မယ်"
ပြောပြီးဂျောင်ကုအဘွားအိမ်ထဲဝင်သွားသည်။ဆော့ဂျင်ကတော့ရေဆော့မပြတ်။
ဂျောင်ကုလဲမျက်နှာသစ်ဖို့ဆက်မကြည့်တော့ပဲရေချိုးခန်းဘက်ကိုလှည့်ထွက်လာလိုက်သည်။
"ဂျောင်ကုကီး....ရေဘွားမြေးလေးနိုးပြီလား"
"နိုးပြီးအဘွား"
"ဒါဆိုအဘွားဝင်လာမယ်နော်"
"ဟုတ်အဘွား"
"မြေးအဘွားကိုကူညီပါဦး"
![](https://img.wattpad.com/cover/351115298-288-k257394.jpg)
YOU ARE READING
Parallelogram
Любовные романыjungkookနဲ့jinဆိုတာမျဥ်းပြိုင်တွေလိုပဲဘယ်လိုမှပေါင်းစပ်လို့မရနိုင်ဘူး