8

467 59 7
                                    

"yoongi..."

"ဘာလဲကွာ"

"ငါနဲ့လိုက်ခဲ့ပေးပါလို့"

"ငါမအားဘူး အလုပ်ရှိသေးတယ်"

yoongiအလုပ်လုပ်တဲ့ဆိုင်ကိုseok jinရောက်လာကတည်းကသူနဲ့အတူclubကိုလိုက်ခဲ့ပေးဖို့ ကဂျီကဂျောင်လာကျနေသည်။

"ကိုယ့်သူငယ်ချင်းအတွက်တစ်ရက်တစ်လေလေးအလုပ်ပျက်လိုက်ပါလား"

"မရလို့ပေါ့"

"ရတယ်လေမင်းအဖော်မလိုက်ပေးလဲ ငါနဲ့အတူသွားချင်တဲ့သူတွေမှအများကြီး သူတို့ထဲကတစ်ယောက်ကိုခေါ်သွားလိုက်မယ်"

"seok jin...ငါလဲမသွားသလိုမင်းလဲမသွားရဘူး"

"သွားမှာပဲ"

"မင်းခြေထောက်ကအခုမှကောင်းခါစရှိသေးတာမင်းပြန်ပြီးစာသွားလုပ်နေစမ်းပါ"

"စာတွေလုပ်ရလွန်းလို့ခေါင်းဆေးချင်တာလေ ဘာပဲဖြစ်ဖြစ်ငါကတော့သွားမှာပဲ"

"seok jinမင်းပြောမရရင်မင်းကိုအဘွားနဲတိုင်မှာနော်

"တိုင်လေ အဘွားကငါနည်းနည်းချွဲလိုက်တာနဲ့ရတယ်"

"ဒါဆိုအန်တီတို့နဲ့လှမ်းတိုင်မယ်"

"တိုင်တိုင်...အိုမားတို့ကအဝေးမှာရောက်နေတာ လှမ်းဆူရုံကလွဲပြီးဘာမှမလုပ်နိုင်ဘူး"

"ဒါဆိုမင်းရည်းစားjungkookနဲ့တိုင်မယ်"

"ခေါင်းထဲကိုမရှိတာ နောက်ပြီးအဲ့ကျက်သတုံးကငါ့ရည်းစားမဟုတ်ဘူးငါနဲ့လဲဘာမှမဆိုင်ဘူး"

"ဒါပေမယ့်အခုလောလောဆယ်မင်းတို့ကတွဲနေတာဆိုတော့သူကမင်းကောင်လေးပဲလေ"

"တော်စမ်းပါကွာမင်းငါနဲ့လိုက်မှာလားမလိုက်ဘူးလား"

"ငါမလိုက်ရင်မင်းကတခြားသူကိုခေါ်သွားမှာလား"

"အသေချာပဲ"

"ကျစ်....အေကွာလိုက်ခဲ့မယ်"

"ဒါမှငါ့သူငယ်ချင်းလေးကွ"

"ကြိုပြောထားမယ်နော် ဟိုရောက်လို့ဖင်မနိုင်ဘဲပဲကြီးလှော်မစားနဲ့"

"ပဲကြီးလှော်စားလဲမင်းရှိနေတာပဲ"

yoongiက​ေတာ့seok jinကိုမနိုင်ဘူးဆိုဘူးခေါင်းယမ်းပြီးလုပ်စရာရှိတာပြန်လုပ်နေလိုက်သည်။

ParallelogramWhere stories live. Discover now