9

488 58 14
                                    

"ငါ့ဘက်ကအတည်ဖြစ်ချင်တယ်ဆိုရင်ရော"

"အတည်....မင်းနဲ့ငါအတည်တွဲရအောင်....မင်းကငါ့ကိုချစ်လို့လား"

"နောက်တော့တဖြည်းဖြည်းချင်းချစ်သွားမှာပေါ့"

"ဟင့်အင်း....ငါက...ငါ့ကိုချစ်တယ်သူနဲ့ပဲချစ်သူထားချင်တာ"

"ငါကမင်းကိုတကယ်ချစ်ပေးမယ်ဆိုရင်ရော"

jungkookလက်ပင်းကိုသိုင်းဖက်ထားရင်ကြက်ခြေခတ်ပုံစံလုပ်ပြကာ....

"လုံးဝ...လုံးဝမဖြစ်နိုင်ဘူး"

"မင်းက...လူရှုပ်လူပွေ...ငါ့ကိုတကယ်ချစ်ပေးနိုင်မှာမဟုတ်ဘူး"

"လူကသာရှုပ်တာ ငါ့နှလုံးသားလေးကပါကင်အစစ်ဖောက်တောင်မဖောက်ရသေးဘူး"

"မင်းနှလုံးသားကပါကင်တာမဖောက်ရသေးတာ....အထဲမှာဓာတ်ဗလိုင်လိုက်နေလောက်ပြီ"

"မင်းကလေစကားကိုကပ်သီးကပ်ဖဲ့အရမ်းပြောတတ်တာဒါပေမယ့်လဲမင်းအဲ့လိုပြောတာလေးတွေကိုငါသဘောကျတယ် "

"ငါတခါတလေကျရင်တွေးမိတယ် မင်းနဲ့ငါရန်သူတွေမဟုတ်ခဲ့ရင်ကောင်းမယ်လို့လေ ဒါပေမယ့်ပြန်စဥ်းစားကြည့်ရင်ငါမင်းကိုမြင်တိုင်းမစရပဲမနေနိုင်ပြန်ဘူး ငါစလိုက်လို့မင်းကပ်ကပ်လန်အောင်ရန်ပြန်တွေ့ရင်ကိုငါကျေနပ်နေတာ"

"ငါပြောတာကြားလား"

"အွန်"

လူကသာအွန်လို့ပြောနေတာမျက်လုံးကဖွင့်မလာတော့

"ဟော..စကားပြောနေရင်းအိပ်ပျော်သွားတယ် ဘယ်လိုကောင်လေးမှန်းမသိဘူး"

ဂျောင်ကုပုံခုံးပေါ်ခေါင်းတစ်ခြမ်းစောင်းပြီးအိပ်နေတဲ့ဆော့ဂျင်ရဲ့ဖောင်းဖောင်းလေးကလုံးထွက်နေပြီးနှုတ်ခမ်းလေးစူထွက်နေတာကြောင့်ဂျောင်ကုစိတ်တွေမရိုးမယွဖြစ်ပြီးနမ်းချင်စိတ်တွေတစ်ဖွာဖွာဖြစ်လို့နေသည်။

သူ့နဲ့ဆော့ဂျင်မျက်နှာတစ်ဖြည်းဖြည်းနီးကပ်လာပြီးထိလုဆဲဆဲမှာပင်အသိစိတ်ပြန်ဝင်လာပြီးရပ်လိုက်သည်။အိမ်ပျော်နေတဲ့သူကိုသူအခွင့်ကောင်းမယူသင့်ဘူးမလား။

ParallelogramWhere stories live. Discover now