kim seok jinတို့သူများအိမ်လာပြီးဗိုလ်ချနေပါသည်။jungkookခင်မျာမနက်ကတည်းကဖင်ပူအောင်မထိုင်ရပဲသကောင့်သားလေးခိုင်းသမျှကိုလုပ်ပေးနေရသည်။မလုပ်ပေးရင်လဲအချစ်တော်အဘွားကcardပိတ်ပစ်မယ်ဆိုတာကြီးနဲ့ကိုခြိမ်းခြောက်နေသည်။
အခုလဲပန်းသီးစားချင်တယ်ဆိုလို့သူ့မှာအခွံနွှာပြီးခွဲပါခွဲပေးနေရသည်။
"ဒီမှာမျိုတော်မူလို့ရပါပြီ"
"စကားကိုကောင်းကောင်းမပြောတတ်ဘူးလား"
"မင်းမို့လို့ကိုမပြောတာ"
"သိပါတယ်မင်းကနှာခေါင်းနဲ့လိုက်အောင်ကောင်မလေးတွေပဲကောင်းကောင်းပြောတာမလား"
"ငါ့နှာခေါင်းကိုမစော်ကားနဲ့ အဲ့နှာခေါင်းနဲ့မင်းကိုနမ်းလိုက်လို့ငါမှငါဖြစ်သွားမယ်"
"သေလိုက်ပါလား"
"ဘွားမြေးနှစ်ယောက်တည့်နေလို့ပါလား"
"အဘွား ပန်းသီးစားဦး"
"သူများခွဲပေးထားတဲ့ပန်းသီးနဲ့မျက်နှာလိုမျက်နှာရလုပ်နေတယ် ရှက်လဲမရှက်ဘူး"
"ဘာဖြစ်လဲ"
"မဟုတ်ရင်ငါ့မြေးနှစ်ယောက်ကညားခါစစုံတွဲတွေကျနေတာပဲ"
"ဟာ...အဘွားကလဲမဟုတ်တာတွေပြောနေတယ်"
"ဘာမဟုတ်ရမှာလဲ မယူရသေးတာတောင်ဒီလောက်ပျော်ဖို့ကောင်းနေတာ ယူပြီးရင်ဘယ်လောက်တောင်ပိုပျော်ဖို့ကောင်းမလဲ"
"အဘွားကဇွတ်ပါလားဗျာ"
"အဘွားအခုကတည်းကပြောထားလိုက်မယ်နော် jungkookကလဲjinnieကိုပဲယူရမယ် jinnieလေးကလဲဘွားမြေးjungkookကိုပဲယူရမယ်"
"အဘွား..."
"ဟေ"
"သားကအဘွားတို့စကားကိုနားထောင်လို့ရပေမယ့်jungkookကတော့ရမှာမဟုတ်ဘူး"
"ဘာဖြစ်လို့လဲ"
"jungkookမှာချစ်သူရှိတယ်အဘွား"
"seok jinမင်းဘာတွေလျှောက်ပြောနေတာလဲ"
"jungkookကအရင်ကတည်းကရည်းစားရှုပ်တာအဘွားသိတာပဲ"
"မဟုတ်ဘူးအဘွားရဲ့jungkookအရင်ကရည်းစားရှုပ်တယ်ဆိုတာမိန်းကလေးတွေနဲ့ပဲလေ အခုဟာကယောကျာ်းလေး"

YOU ARE READING
Parallelogram
Romancejungkookနဲ့jinဆိုတာမျဥ်းပြိုင်တွေလိုပဲဘယ်လိုမှပေါင်းစပ်လို့မရနိုင်ဘူး