part3

459 8 2
                                        

မွေးစားအကိုများ

Or

နှောင်ကြိုးလေးတွေနဲ့ကတိ

Part 3

နေ့လည်ရောက်တော့ဇိုင်းဇက်အမေပြောတာကို

အတွေးထဲဝင်လာရင်း Renဆီသွားကာ

ရေဆော့နေတဲ့renကိုကြည့်ပြီး..သူပါခုန်ချတော့...

"အမလေး...အေးလိုက်တာ..ren...

မင်းဒီမှာနေ့တိုင်းကစားတာ...ငါဖြင့်မယုံနိူင်ဘူး..."

Renလည်းသူကိုကြည့်ကာ ငြီးတွားနေတဲ့ဇိုင်းဇက်ကိုပြန်ကြည့်ပြီး...

"ကျွန်တော်ကအဆင်ပြေတယ်..."

အေးစိမ့်စိမ့်နေတဲ့ရေကိုခံစားပြီး....

ကလေးတစ်ယောက်ရဲ့အပူရှိန်နူန်းကိုငါလေးစားပါတယ်!!!

ဇိုင်းဇက်တုန်တုန်ယင်ယင်ဖြင့်ပြန်ထွက်လာကာ....

အင်္ကျီပြန်ဝတ်လိုက်ပြီး....

"ကဲ..ဒါဖြင့်...ထားပါတော့...

Ren..ကိုကိုဗိုက်စာနေပြီ...နေ့လည်စာအတူတူစားရအောင်ဒီနေ့..."

ဟမ်..."

"ထမင်းလိတ်လုပ်လာခဲ့တယ်...

ဂျပန်ဆန်ဝယ်လာခဲ့တာနဲ့အတော်ဘဲ...

Ren...မင်းကြိုက်တယ်မလား..."

ဇိုင်းဇက်ပွစိပွစိပြောပြီး သူဆွဲခေါ်ရာကို ရမ်တစ်ယောက်ရုပ်သေကြီးဖြင့်

အတူလိုက်ပါလာလျက်ပင်...

"မမုန်းပါဘူး..."

"ဟုတ်လား...ကောင်းတာပေါ့...

ငါ့ညီတွေနဲ့တစ်ခြားဆီဘဲ...အား..."

Renကိုပြုံးကာလှည့်ကြည့်လိုက်တဲ့တစ်ခနမှာဘဲ...

ခြေချော်ကာ ချောင်းရေဆီပြုတ်ကျရင်း

တစ်ကိုယ်လုံးဆိုရွဲသွားလေသည်၊၊

Renလည်းသူပြုတ်ကျတာကိုဘေးမှာခွေးနဲ့အတူထိုင်ကြည့်တော့

ဇိုင်းဇက်လည်းပြုံးကာ.

"Sorryပါren....အာ..စိုကုန်ပြီ..."

မွေးစားအကိုများ Orနှောင်ကြိုးလေးတွေနဲ့ကတိ  Where stories live. Discover now