part 24

203 3 6
                                    


ကျွန်တော် ရမ်နဲ့စတွေ့တုန်းက
အကောင်သေးသေးလေးနဲ့ကျွန်တော်ရှေ့မှာ
သူကိုအနားမကပ်နဲ့မထိနဲ့လို့အော်ပြောနေတာ
တစ်ခြားဘာမှမပြောဘူး
ကျွန်တော်ကိုကြည့်တောင်မကြည့်ဘူး
သူဘာတခုမှချစ်စရာမကောင်းခဲ့ဘူး
ဒါမယ့်သူကြည့်ရင်လည်း သူအကြည့်က
အရမ်းနက်နဲလွန်းတယ် ရိုးရိုးသားသား
ပြောရရင်ကျွန်တော်အနေရခက်ခဲ့တယ်

ဒါမယ့်တကယ်တော့သူကအဲလိုမဟုတ်ပါဘူး
ကျွန်တော်သူကိုစွဲလမ်းနေမိပြီ
သူကိုလည်းပြစ်မထားနိူင်ခဲ့ဘူး

မွ!!!

"ရမ် မိုးလင်းပြီ ထတော့"

ဇက်လည်း ရမ်ကို နိုးပြီး အပြင်ထွက်တော့
ရမ်ထလာကာ မျက်လုံးကိုပွတ်လိုက်ပြီး
အပြင်ကိုထွက်လာတော့သည်
ဇက်လည်းရမ်အတွက်နွားနို့ထည့်ပေးလိုက်ပြီး

"အကိုဇက်က လေဒီကိုသွားမကြိုဘူးလား"

"မလိုပါဘူး သူခုမှဂျပန်ရောက်ဖူးတာမှမဟုတ်တာ"

"ကျွန်တော်သွားမယ်လေ"

"မရဘူးရမ် မင်းကျောင်းသွားရမယ်လေ"

‌ယန်ရှင်းလည်း လက်ပိုက်ကာ

"သူအမေလာရင် ငါအကိုနေရိုင်းအိမ်ဘဲ
သွားအိပ်တော့မယ်"

ယန်ရှင်း!!!

"ငါသူကိုမတွေ့ဖူးပေမယ့်
အမှန်တိုင်းပြောရရင်သူကိုမကြိုက်ဘူး
အကိုဇက်ဆေးရုံတက်တုန်းက
သူတစ်ခေါက်လေးတောင်လာမကြည့်ဘူးလေ"

ဒါမယ့် ဒါက!!!

"သေလုနီးပါးဖစ်တဲ့သားထက်
ဘယ်ဟာကအရေးကြီးလို့လဲ"

ရိုင်ယန်လည်း ယန်ရှင်းကိုသာကြည့်ရင်း
ဇက်လည်း ရမ်ဘက်ကြည့်ကာ

"ရမ် 7ခွဲတော့မယ်နောက်ကျနေပီ"

"ငါသိတယ် အကိုဇက် လေဒီရောက်ရင်
ကျွန်တော်ကိုဖုန်းဆက် ဒါမှမဟုတ်
စာပို့လိုက်နော်...."

အေးပါ!!!

ဇက်လည်း ရမ်ကိုကျောင်းလိုက်ပို့ပြီး
စိတ်ထဲမှာတော့....

"နွေရာသီဆိုပေမယ့် လေဒီဇက်ဆိုတဲ့
မုန်တိုင်းကြီးရောက်လာပြီ!!!

မွေးစားအကိုများ Orနှောင်ကြိုးလေးတွေနဲ့ကတိ  Where stories live. Discover now