part4

273 6 0
                                    

မွေးစားအကိုများ

Or

နှောင်ကြိုးလေးတွေနဲ့ကတိ

Part 4

မနက်ရောက်သော်...

ဇိုင်းဇက်တစ်ယောက်အဖျားက100ကျော်သွားတော့သည်။

လေဒီဇက်ခါးထောက်ကာ...

"ငါပြောရဲတယ်...မင်းကတော်တော်အားနည်းတဲ့လူဘဲ...

ဒီလောက်လေးနဲ့ဖျားတယ်ဆိုတော့

မင်းကအသုံးမကျဘူးဘဲ..."

သူလည်းမိခင်စကားကိုကြားပြီးဖျားတဲ့ကြားမှာသေချင်စိတ်တောင်ပေါက်လာသည်။

"သိပါတယ်...

ပြောတာမှန်တယ်..

မငြင်းပါဘူး.."

တစ်လုံးချင်းပြောချတဲ့သားကိုမျက်စောင်းထိုးကာ...

ရမ်ဘက်ကိုလှည့်ပြီး...

"ဟွန်းရိုးရိုးသားသားဘဲ..မပြောလိုက်ချင်ဘူး!!

ရမ်...ဒီမှာနေပေးလိုက်နော်..."

"ဟိုက်!!

လေဒီဇက်လည်း လက်ပိုက်ကာထွက်သွားပြီး

အခန်းထဲမှာ ဇိုင်းဇက်နဲ့ ရမ်နှစ်ယောက်သာကျန်ရစ်လျက်...

အခန်းရဲ့လေထုဟာအေးစက်လို့နေသည်...ကြာလာတော့ သူလည်း

"ရမ်!!ကိုကို့ကိုစိတ်ပူပေးမနေပါနဲ့...

အပြင်မှာသွားဆော့ပါ..."

"လေဒီဇက်ကခေါင်းဆောင်လေ..

သူကျွန်တော့်ကိုလွဲပေးထားတာ..."

ရမ်ရဲ့အေးစက်စက်အဖြေကြောင့်ဇိုင်းဇက်အတွေးထဲတွင်..

"သူကခေါင်းထဲကခေါင်းဆောင်ကိုဘယ်လိုစီထားပါလိမ့်...ပထမက လေဒီဇက်..

ဒုတိယက ခွေး...အဆင့်လိုက်လား ဘယ်လိုလဲအီ...??

ရမ်လည်း ထိုင်နေရာက ထလိုက်ကာ...

"ကိုကိုတစ်ခုခုကိုစားချင်လား..."

"အာ အခုတော့ဘာမှမစားချင်သေးဘူး...

အဲတာထက် ရမ်...ကိုကိုတစ်ယောက်ထဲဆိုအထီးကျန်နေလိမ့်မယ်..."

မွေးစားအကိုများ Orနှောင်ကြိုးလေးတွေနဲ့ကတိ  Where stories live. Discover now