အပိုင်း ( ၁ ) : ဆိတ်သားကင် ရောင်းနေသူ

244 5 0
                                    

Uni :

ကျုံဟိုင်မြို့ အနောက်ခရိုင်တွင် လယ်သမားဈေးတစ်ခု တည်ရှိရာ ဆူဆူညံညံ လမ်းသွားလမ်းလာများနှင့် ယာဉ်များသည် သူသူကိုယ်ကိုယ် ဖြတ်သန်းသွားလာနေကြပြီး ညနေခင်းကိုတောင် မေ့လျော့နေဟန်ရှိ၏ ။ဟင်းသီးဟင်းရွက်များနှင့် ညစ်ပတ်နေသော ရေများသည် မြေပြင်အနံှ့ပျံကျဲလျက် ရှိသည် ။ မှိန့်ဖျော့ဖျော့အရောင်ဖြင့် အမျိုးမျိုးသော ဆိုင်းပုဒ်များလည်း ရှိသည့်အပြင် နီယွန်မီးများဖြင့် တသီးတသန့်လင်းထိန်နေသော ဆိုင်များလည်း ရှိ၏ ။ အလုပ်မှ ပြန်လာသော အလုပ်သမားများ၊  ကျောင်းမှ ပြန်လာကြသော ကလေးများ၊စားသောက်ကုန်များကို ဝယ်နေကြသော သက်ကြီးရွယ်အိုများသာမက အမျိုးမျိုးသော ခရီးသွားများကြောင့် မီးခိုးရောင်ကောင်းကင်ကြီးသည် ပို၍ပင် မှုန်ဝါးလို့နေ၏ ။

ထိုကဲ့သို့သော မြို့ကြီးပြကြီး နေရာတွေထဲမှ ထိုနေရာလေးသည် လူအများဆုံးရှုပ်ချခံခဲ့ရပြီး ၎င်းတို့၏ စိတ်ထဲတွင် ဘယ်တော့မှ မရှိစေချင်တော့တဲ့ စွန်းထင်ခံရသော နေရာလေးဖြစ်ခဲ့ရသည် ။

လမ်းဆုံတစ်ခု၌ တခြားလူ၏ အမြင်တွင် ရှက်စရာ ကောင်းလောက်တဲ့အရာဖြစ်နေပေမဲ့ ထိုအရာကို အေးအေးဆေးဆေး လုပ်နေသူ လူတစ်ယောက် ရှိနေ၏ ။

ဆီ ဖုန်မှုန့်များဖြင့် ပေကျံ့နေပြီး ဆိတ်သားကင်များကို ရောင်းချနေသော လူငယ်လေးတစ်ဦးဖြစ်၏ ။
သူသည် အဖြူရောင် အကျႌလက်ပြတ် ကော်ဖီရောင် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ပလစ်စတစ်သား ဖိနပ်တစ်ရံကို စီးထား၏ ။

ထိုလူငယ်လေး၏ ဆံနွယ်များမှာ ရှုပ်ပွနေသော်လည်း
အရွယ်ရောက်ပြီးသားသူတစ်ယောက်ရဲ့ ချောမောလှသော မျက်နှာအချိုးအစား ရှိသည် ။အနီးကပ်ကြည့်လိုက်လျှင်
ယောကျာ်းလေးတစ်ယောက်၏ အားမာန်ကို တွေ့နိုင်၏ ။
သို့သော် မိန်းမပျိုများအနေဖြင့် မည်သို့ပင် ချောမောလှပပါစေ
လမ်းကြိုလမ်းကြားထဲက ဆိတ်သားကင် ရောင်းနေတဲ့ လူတစ်ယောက်ကို လမ်းလျောက်နေရင်း တချက်လေး လှည့်ကြည့်ဖို့ရာတောင် ထိုလူမှာ အဆင့်မရှိလှပေ ။

ထိုလူငယ်လေးသည် ချက်ပြီသား ဆိတ်သားကင်များကို နေရာချလို့နေသည် ။ ပူပြင်းသော ရာသီဥတုကြောင့်
ကင်ရတာ လွယ်ကူသော်လည်း ရောင်းရခက်၏ ။ ၂ ကင်မှ
ဆင့် ၅၀ သာ ရှိပြီး ဈေးပေါလှသည်ဟု ထင်လို့ရနိုင်သော်လည်း
တနေ့လုံးရောင်းမှ ထမင်း ၂ နပ်စာ လုံလောက်နိုု်င်သည့်
၁၀ ဒေါ်လာမျှသာ ရနိုင်ခဲ့သည်။

My Wife Is A Beautiful CEO(Translation)Where stories live. Discover now