Chapter (10)U+Z

11 0 0
                                    

Uni

အပိုင်း( ၁၀ )

အကယ်၍ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ယန်ချန်ရှေ့တွင် အမျိုးသမီးတစ်ယောက် ငိုကြွေးခဲ့မည်ဆိုပါက ရန်သူရဲ့မီးခိုးဗုံးကြောင့် သူမမျက်လုံးများ ကျိန်းစပ်သွားခဲ့လို့သာ သို့မဟုတ်ပါက သူမသည် တဖက်လူအပေါ် သူ၏ နိုးနိုးကြားကြား ရှိသည့်အပေါ် အာရုံလျော့အောင် လုပ်ဆောင်နေတာ  ထိုမှမဟုတ်ပါက သူမ၏  သနားစရာကောင်းသော အပြုအမူဖြင့် သူနှင့် လိင်ဆက်ဆံရန် ဆွဲဆောင်နေသည်ဟု ယူဆပေလိမ့်မည်.. သို့သော် ယနေ့တွင် သူ့ရှေ့က မိန်းမချောလေးသည် သူ၏စကားကြောင့် ငိုသွားခဲ့ပုံရသည်။

ယန်ချန်သည် သူ့စကား မမှားဘူးဟု ခံစားမိသော်လည်း သူ့စိတ်ထဲတွင် အပြစ်ရှိစိတ်များက အလိုအလျောက် ပေါ်ထွက်လို့နေသည် ။သူမ၏ သန့်ရှင်းစင်ကြယ်မှုကို အနှစ် ၂၀ ကျော် ထိန်းသိမ်းထားခဲ့သော ခေတ်မီသည့် မိန်းကလေး တစ်ယောက်အတွက် ထိုအရာမှာ အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။

"ကောင်းပါပြီ မငိုနဲ့တော့... ငါ မင်းကို တောင်းပန်မယ်ဆိုရင်ရော မဖြစ်ဘူးလား"
ယန်ချန်တစ်ယောက် စိတ်ဂနာမငြိမ်ဖြစ်နေခဲ့သောကြောင့် အင်္ကျႌ အိတ်ကပ်ထဲသို့ လက်နိုက်လိုက်ရာ သို့သော် ဗလာဖြစ်နေခဲ့သည်။လတ်တလောတွင် ဆေးလိပ်ဖြတ်ဖို့ စဉ်းစားခဲ့သောကြောင့် စီးကရက်မဝယ်ရသေးမှန်း အမှတ်ရသွားသည်။

လင်ရော့ရှီး၏ မျက်ရည်ကျနေသော လှပသောမျက်နှာလေးသည် သနားဖို့ကောင်းအောင် အကန့်အသတ်မရှိ တဖက်လူအပေါ် ဆွဲဆောင်နေသည့်အလျောက် ထိုကလေးမသည် ခေါင်းမာသူတစ်ဦးလည်း ဖြစ်နေပြန်၏ ။သူမသည် စီးကျနေသော မျက်ရည်များကို တစ်ရှူးဖြင့် သုတ်လိုက်ပြီးနောက် အတင်းအကျပ် သည်းခံလိုက်ရင်း ယန်ချန်ကို စိုက်ကြည့်ကာ ပြောပြန်သည်။
" ကျွန်မ ရှင့်ကို နောက်တစ်ကြိမ် ထပ်မေးမယ် ရှင် ကျွန်မကိုလက်ထပ်မှာလား"

" ငါပြောမယ် မိန်းကလေးလင်…ဒီနေ့ခေတ်ကြီးထဲမှာ လှပတဲ့ မိန်းကလေးတစ်ယောက်က ဘယ်လိုဖြစ်ပြီး ယောက်ျားတစ်ယောက်ကို ဆွဲထားပြီး ခင်ပွန်းဖြစ်ခွင့်ပေးဖို့ တောင်းဆိုနေတာတုန်း ? ငါ့ဘက်ကလည်း ရှင်းရှင်းလင်းလင်း ပြောပြီးပြီ…  ဒီလိုပျင်းစရာကောင်းတဲ့ ဂိမ်းကို ၃ နှစ်ကြီးတောင် မင်းနဲ့အဖော်ပြုပြီး ငါ ကစားမပေးနိုင်ဘူး"
ယန်ချန်သည် သက်ပြင်းချကာ မတ်တပ်ထရပ်လိုက်ပြီး ထွက်သွားရန် ကြံရွယ်လိုက်သည်။

My Wife Is A Beautiful CEO(Translation)Where stories live. Discover now