အပိုင်း(၃) : တတ်ကြွနေသော မိန်းကလေး

42 2 0
                                    


ထိုဘားငယ်လေးဆီသို့ လျောက်လာခဲ့ပြီးနောက်
သူနေရာမှန်ကို ရောက်လာမှန်း နားလည်လိုက်သည်။

ဘားထဲတွင် ဝိုးတိုးဝါးတား အလင်းရောင်မျှသာ ရှိသည် ။
ဘားစင်၊ ထောင့်စွန်းနှင့် ခန်းမအလယ်တွေ အမျိုးသားနှင့် အမျိုးသမီး လူငယ်စုံတွဲများသည် တစ်ယောက် ပုခုံး တစ်ယောက် ပွေ့ဖက်နေကြပြီး အထိန်းအမဲ့ကွပ် ရယ်သံများ ထွက်ပေါ်လို့နေသည်။

ယန်ချန်သည် ခြေလှမ်းအနည်းငယ်မျှတောင် မလှမ်းရသေးခင်
မိတ်ကပ်ထူပျစ်စွာ လိမ်းချယ်၍ သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို နှင်းဆီရောင် ဘရာစီယာကိုသာ ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် အလွန်တိုလှသည့် အနက်ရောင် လည်သာ စကပ်ကို ဝတ်ထားကာ လက်ထဲတွင်ပယင်းရောင် ဖန်ခွက်ကို ကိုင်ထားသော အမျိုးသမီးတစ်ယောက် ယိမ်းထိုးကာ လျှောက်လို့လာ၏ ။

" အကိုချောလေး ကျွန်မကို တခွက်လောက် တိုက်ဦးမလား"
ထိုမိန်းမ၏ အသံမှာ မူနေသော အသံဖြင့် လူကို အော်ဂလီဆန်စေသည် ။

အရက်ကို အချိန်ကြာမြင့်စွာ မထိတွေ့ခဲ့သည်ဖြစ်ရာ ယန်ချန်မှာ ခေါင်းပူနေခဲ့ပြီ ဖြစ်သည် ။သူသည် ဘရာဇီယာအမျိုးသမီး၏ ပြူးထွက်နေသော ရင်ကို ဖြေးညင်းစွာ ညစ်မိလိုက်ရာ
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပင် တုန်လှုပ်သွားပြီး အားရပါးရ ရယ်မောလိုက်သည်။

"ကိုချောတွေများ သိပ်မုန်းဖို့ကောင်းတာပဲ …တွေ့တွေ့ချင်း  သူများရင်ဘက်ကို လာညစ်တာ ဘယ်လို အလျော်ပေးမှာလဲ ပြော…"

တဖက်တွင် ပြစ်တင်ပြောဆိုနေသော်လည်း တဖက်တွင် သူမကိုယ်တိုင်ကိုက သူမ၏  ဖြူဖွေးလှသော လက်များဖြင့် ယန်ချန်၏ လည်ပင်းကို ဖက်ဆွဲထား၏ ။

ယန်ချန်၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးများက ဖုံးလွှမ်းလို့နေသည် ။ သူ့အနေဖြင့် အလွန်လွယ်ကူပုံရသည့် ထိုကဲ့သို့သောမိန်းမမျိုးကို စိတ်မဝင်စားပေ ။ ယန်ချန်သည် ထိုအမျိုးသမီးကို သူ့ခန္ဓာကိုယ်ကနေ တွန်းထုတ်လိုက်ပြီး
" အရက်သောက်ပြီး တွေ့ရာလူနဲ့ ပတ်မျိုးချနေတဲ့ မိန်းမမျိုးကို ငါ စိတ်မဝင်စားဘူး "

My Wife Is A Beautiful CEO(Translation)Where stories live. Discover now