Zaw:
အပိုင်း( ၇ ) : လှပသော ရဲမှူး
ယန်ချန်သည် အထောက်အထားစာရွက်စာတမ်းများကို အပြင်သို့ ချပြပစ်မယ်ဆိုသည့် စကားကြောင့် ငြိမ်နေခဲ့သော နှုတ်ခမ်းမွှေးဖြင့် ရဲသားကြီးမှာ ချွေးများဖြင့် တကိုယ်လုံး အေးခဲသွားသည်။
"မင်း…မင်းက လုပ်ရဲတယ်ပေါ့ ! မင်းဘယ်သူကို စော်ကားခဲ့တာလဲဆိုတာ မင်းသိလား! အဲ့တာ သူဌေးချန်ရဲ့ သားကွ ! သူဌေးချန်ရဲ့လူတွေက မင်းရဲ့ နောက်ဆုံးမျိုးဆက် ၁၈ သုတ်လောက်အထိကို သုတ်သင်ပစ်နိုင်တယ်ကွ ! "
နှုတ်ခမ်းမွှေးဖြင့် ရဲသည် ဟောက်စားလုပ်နေသော်လည်း တကယ်တန်းမှာ သူ၏ ဗိုက်က စူးရှသော ဝေဒနာကြောင့် ထတောင် မထနိုင်ခဲ့ပေ။
ယန်ချန်၏ မျက်နှာသည် ချက်ချင်းလင်ငင်း အေးစက်သော မျက်နှာအဖြစ် ပြောင်းလဲသွားသည်။
"လာပြန်ပြီလား သူဌေးချန်... မင်းလိုလူတွေ ရှုံးနိမ့်နေရတယ်ဆိုတာ မင်းတို့တစ်ယောက်ချင်းစီကိုယ်က မသိကြလို့ပဲ အဲ့တာ မင်းအဖေ ငါက အဲ့လို ခြိမ်းခြောက်တာကို အမုန်းဆုံးပဲ..." ဟူသော စကားနှင့်အတူ နှုတ်ခမ်းမွှေးဖြင့် ထိုရဲသားကို ကန်ချပစ်လိုက်သည် ။ ထိုရဲ့ကန်ချက်ကြောင့် ရဲသားကြီးမှာ သတိလစ်သွားခဲ့ပြီ ဖြစ်သည် ။“ဘမ်း!”
ရုတ်တရက် စစ်ဆေးခန်း၏ သံတံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး အရိပ်တစ်ခုက လျင်မြန်သော အလင်း၏ အရှိန်ကဲ့သို့ ပေါ်ထွက်လာခဲ့သည်။" ရပ်လိုက် ! "
ပြတ်သားတိကျသော အသံတစ်ခုက သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။ ယန်ချန်သည် စိတ်ရှုပ်ထွေးမှုများစွာဖြင့် လှည့်ကြည့်လိုက်ရာ ဝင်ရောက်လာသော ထိုလူကို မြင်မြင်ချင်း
၎င်း၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့သည်။ထိုသူ၏ အလှမှာ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော အလှတရားနှင့် ပြည့်နှက်နေသည် ။သူမ၏ ဆံနွယ်မှာ ပုခုံးထိ ကျဆင်းနေပြီး ဆောင်းဦးရေလို ကြည်လင်သော မျက်လုံးများ ချွန်ထက်သောနှာတံနှင့် ဆွဲဆောင်မှု ရှိသော နှုတ်ခမ်းသားပေါ်တွင် ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းနီကို ဆိုးထားလျက် ရှိသည်။ တချက်ကြည့်လိုက်ယုံဖြင့် ကိုရီးယားနာမည်ကြီးတစ်ယောက်နှင့် တူအောင် ပလက်စတစ်ဆာဂျရီ ပြုလုပ်ထားသော မျက်နှာကဲ့သို့
ဖြစ်နေသော်လည်း အနီးကပ်ကြည့်လိုက်လျှင်ဖြင့် သူမ၏ အရိုးများမှ သူရဲကောင်းဆန်သော လေထုကို ခံစားရမိသည်။ သူမသည် နာမည်ကြီးများထက် ပိုလှပပြီး လှပသော ရဲမေတစ်ယောက် ဖြစ်သည်ဟု ရာနှုန်းပြည့် ယူဆလို့ရနိုင်သည်။
YOU ARE READING
My Wife Is A Beautiful CEO(Translation)
RomanceCEO မမလေးကလွဲပြီး ကျန်တဲ့သူအပေါ် ဘုရင်ကျတဲ့ - ယန်ချန် သူများတွေတောင် သရေတမြမြ ဖြစ်ရတဲ့ ယန်ချန်ကိုမှ အချေတလိုင်းနဲ့ ဆက်ဆံသူ -CEOလင်ရော့ရှီး [ review ကတော့ ဒီလောက်ပါပဲ ဘာလို့ဆို ဘာသာပြန်သူ ကျွန်မကိုယ်တိုင် MCကို ဆဲဆဲနေရလို့ တော်ပြီ ဒီလောက်ပဲ🤧ကိုယ့်ဟာ...