အပိုင်း ( ၂ ) : ငွေပေးခြင်း

47 2 0
                                    

Uni ;

သူ၏ မြှောက်ပင့်မှုကြောင့် ချန်းဝေ၏ မျက်နှာမှာ အနည်းငယ် နီရဲသွားပြီး သူမ၏ နှုတ်ခမ်းဖူးဖူးလေးကို ကိုက်လိုက်ရင်း
ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသွားပြီး ဆိုလိုက်သည်။
" လှတော့ရော ဘာအသုံးဝင်လို့လဲ …တချို့လူတွေများ မြင်ရဖို့ အရမ်းခက်တာပဲ သူများမွေးနေ့ကို နောက်ကျပြီးမှ ရောက်လာကြတာလေ "

ဆွဲဆောင်မှု ရှိလှသော ထိုအမျိုးသမီးနဲ့ မျက်နှာချင်းဆိုင်ချိန်တွင် ယန်ချန်၏ ရင်ထဲ တပ်မက်မှုများ ပြည့်နှက်သွားခဲ့သည်။အထူးသဖြင့် ထိုအမျိုးသမီးသည် ငြင်းဆန်သည့် အရိပ်အယောင်မရှိဘဲ သူ့အပေါ်သိ့ု ပျော်ရွှင်သော အကြည့်များဖြင့် စိုက်ကြည့်လို့နေခဲ့သည်။

သို့သော် လျင်မြန်စွာဖြင့် သူ၏ ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများက ယန်ချန်၏ စိတ်အားထက်သန်နေသော စိတ်နှလုံးဆန္ဒကို ဖိနှိပ်ခဲ့သည်။
သူသည် တည်ငြိမ်စွာ ပြုံးကာ
" ကျွန်တော် အရက်မသောက်တတ်သလို မိန်းကလေးကိုလည်း
ဘယ်လိုပျော်အောင် ပြောရမလဲဆိုတာ ကျွန်တော် မသိဘူး
ပြီးတော့ ဒီနေ့ တစ်နေကုန် ဆိုင်မှာ ဘာအလုပ်မှ မရှိခဲ့ဘူး"

ချင်းဝေသည် ယန်ချန်ကို မကျေမနပ်ဖြင့် စိုက်ကြည့်ရင်း
" ဆိုင်ခင်းလိုက် သိုးသားကင်လိုက်နဲ့ ဘာများကောင်းလို့လဲ…ဒီလောက် သေအောင်လုပ်ရတာတောင် ဘာငွေမှ ရတာ မဟုတ်ဘူး…ကျွန်မရဲ့ အိမ်တော်ထိန်းအဖြစ် လုပ်လိုက်ပါ့လား…ကျွန်မ ရှင့်ကို တစ်လတစ်လပေးမယ့်ပိုက်ဆံက ရှင် ခုလုပ်နေတဲ့ သိုးကင်ရောင်းတဲ့ပိုက်ဆံထက် အဆ၁၀၀ သာဦးမယ် "

ယန်ချန်သည် နေရခက်သော အပြုံးဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်။
"အမ ချန်းဝေရယ် …ယောက်ျားတစ်ယောက်က ဘယ်လိုလုပ်ပြီး အိမ်တော်ထိန်းဖြစ်မှာတုန်း "

" ကျွန်မ ရှင့်ကို ဘယ်နှစ်ခါပြောရမတုန်း …မမ မမ နဲ့ …ချင်းဝေလို့ပဲ ခေါ်ပါဆို ကျွန်မ ဘယ်နားက ကြီးနေလို့တုန်း "
ချင်းဝေသည်  ယန်ချန်အပေါ် ပရောပရည်အမူအယာလေးဖြင့် ဆိုလိုက်သည်။

ယန်ချန်အနေဖြင့် အပေးအယူလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့တာကြောင့်
"ဟုတ်ပါပြီ ချန်းဝေ ငါ့ဘက်က မှားတာပါ…ဒါပေမဲ့ ခုလက်ရှိဘဝကို ငါသဘောကျတာကြောင့် လောလောဆယ် အလုပ်ပြောင်းဖို့ အစီစဉ်မရှိသေးဘူး"

My Wife Is A Beautiful CEO(Translation)Where stories live. Discover now