ရဲအရာရှိများ ရောက်ရှိလာချိန်တွင် အနီးနားပတ်ဝန်းကျင်မှ လူများ ဝိုင်းအုံနေကာ ယန်ချန်တစ်ယောက် ကံဆိုးပြီဟူ၍ တီးတိုးပြောဆိုနေကြသည် ။"ဟုတ်တယ်....ငါပဲ"
ယန်ချန်သည် တအံ့တသြဖြင့် ခေါင်းမော့လိုက်ပြီး ရဲတွေ ဘာကြောင့် သူ့ကို လာရှာမှန်း နားမလည်ပဲ ဖြစ်လို့နေသည် ။နိုင်ငံတော် အာဏာပိုင်တွေက သူ့ကို ရှာတွေ့သွားလို့လား ။မဟုတ်သေးပါဘူး အဲ့လိုသာဆို စေလွှတ်မယ့်သူတွေက
လျို့ဝှက်တပ်ဖွဲ့ဝင်တွေ ဖြစ်မှာပါ ဒါတင်မကဘူး ညဘက် ဝင်ရောက်စီးနင်းမှုတွေပါ ဖြစ်ကုန်ဦးမှာ ။ဘယ်လိုလုပ်ပြီး ရဲသားသုံးယောက်ဖြစ်မှာတုန်း ။ရဲအရာရှိသည် သူ့တံဆိပ်ကိုပြကာ အေးစက်စွာဖြင့် ဆိုသည်။
"ငါက အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဌာနက ရဲအရာရှိ ဖုန်းပြောင်ပဲ
တစ်စုံတစ်ယောက်က တိုင်ကြားထားတယ် …မင်း လူငယ်လေးတွေကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ ငါတို့ သံသယရှိတယ် …ဒါ့ကြောင့် မင်းကို ရဲစခန်းကို ခေါ်သွားရလိမ့်မယ်…စစ်ဆေးမှုကို ပူးပေါင်းပေးပါ ! "လက်စသတ်တော့ ဒီကိစ္စမှန်း …ယန်ချန် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည် ။
ကြည့်ရတာ အရိုက်ခံလိုက်ရတဲ့ ဟိုကောင် ချန်ဖုန်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ မြေအောက်ကမ္ဘာမှာ တကယ်ပဲ သူတို့ကို အလုပ်လုပ်ပေးနေတဲ့ ရဲတွေ ရှိနေတာပဲ !
ဘေးကရပ်နေသော လောင်လီသည် ပျာပျာသလဲဖြင့်
ရှင်းပြဖို့ ကြိုးစားလိုက်သည် ။
“ရဲဘော်တို့ ခင်ဗျားတို့ လူမှားဖမ်းနေပြီ ! အဲဒါ ချန်ဖုန်းနဲ့ သူ့လူတွေက ကာကွယ်ကြေးငွေတွေကို ထင်သလို ကောက်နေခဲ့တာ… စောစောက ယန်ချန် လုပ်ခဲ့တယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲလေ ! "" ဟွန်း ငါတို့ လူမှားဖမ်းသည် ဖြစ်စေ မမှားသည်ဖြစ်စေ
ငါတို့အနေနဲ့ ကိစ္စတွေကို သေချာအောင် စုံစမ်းရဦးမှာပဲ!
ငါ မြင်လိုက်တာကတော့ သူဌေးချန်ရဲ့ သားကို သွေးထွက်အောင်အထိ ရိုက်ခံထားရပြီး ဒီကောင်ကတော့ လုံးဝအကောင်းတိုင်းပဲ ! " ဟု ဆိုပြီးသည်နှင့်
ဖုန်းပြောင်သည် လောင်လီနဲ့ ဆက်မပြောတော့ဘဲ ရဲနှစ်ယောက်အား ရှေ့သို့ ထွက်လာပြီး ယန်ချန်ကို ဖမ်းခေါ်သွားရန် အချက်ပြလိုက်သည် ။
YOU ARE READING
My Wife Is A Beautiful CEO(Translation)
RomanceCEO မမလေးကလွဲပြီး ကျန်တဲ့သူအပေါ် ဘုရင်ကျတဲ့ - ယန်ချန် သူများတွေတောင် သရေတမြမြ ဖြစ်ရတဲ့ ယန်ချန်ကိုမှ အချေတလိုင်းနဲ့ ဆက်ဆံသူ -CEOလင်ရော့ရှီး [ review ကတော့ ဒီလောက်ပါပဲ ဘာလို့ဆို ဘာသာပြန်သူ ကျွန်မကိုယ်တိုင် MCကို ဆဲဆဲနေရလို့ တော်ပြီ ဒီလောက်ပဲ🤧ကိုယ့်ဟာ...