Uni
အပိုင်း( ၁၁ ) : ဧည့်သည်တော်အဖြစ်
လောင်လီ၏အိမ်တွင် ဧည့်သည်သွားလုပ်ရန် သဘောတူထားပြီး ဖြစ်သောကြောင့် ယန်ချန် မေ့သွားလိမ့်မည် မဟုတ်ပေ။
ပြောတဲ့အတိုင်းလုပ်ဆိုသည့်စကားအတိုင်း ထိုအရာသည် ယောကျာ်းကောင်းတစ်ယောက်တွင် ရှိသင့်သော အရည်အချင်းသာ ဖြစ်၏ ။လမ်းခွဲခဲ့ပြီးနောက်တွင် အေးတိအေးစက်ဖြင့် အရူးထ တတ်သော လင်ရော့ရှီး ဟုခေါ်သည့် ထိုချောမော လှပသော မိန်းကလေးနှင့် ဆက်မနေချင်တော့တာကြောင့် ယန်ချန်သည် အိမ်ကို ခြေလျင်လျောက်ပြန်ဖို့သာ ရွေးချယ်ခဲ့သည်။လမ်းခရီးသည် သိပ်မဝေးသော်လည်း ယန်ချန်၏ ကာယစွမ်းရည်သည် သာမန်လူများ ထင်ထားသည့်ထက် ကျော်လွန်နေသောကြောင့် ထိုအိမ်ပြန်ခရီးသည် သူ့အနေဖြင့် များစွာအားစိုက်ထုတ်ဖို့ မလိုအပ်လှပေ။
ညနေစောင်းနေခဲ့ပြီဖြစ်ရာ အိမ်တွင်ရေချိုးပြီးနောက် ယန်ချန်သည် သူ၏သစ်သားသေတ္တာကို တစ်ဖန်ဖွင့်လိုက်ပြီး
ဟိုမွှေဒီမွှေလုပ်ရာမှ နောက်ဆုံးတွင် အပြာဖျော့ဖျော့ရှပ်အင်္ကျီနှင့် သူ့အောက်ပိုင်းအတွက် အဖြူရောင် ဘောင်းဘီတိုတစ်ထည်ကို ဆွဲထုတ်ယူလိုက်သည်။သူ၏ ကြယ်သီးတချို့ကို နေရာမှားတတ်ပြီးနောက် ယန်ချန်သည် နံရံပေါ်က ကွဲအက်နေသော မှန်ထဲတွင် ပေါ်နေသော သူ၏ ပုံရိပ်ကို အချိန်အတော်ကြာအောင် ကြည့်လိုက်ရင်း ကိုယ့်ကိုယ်ကို အတော်လေး ချောသည်ဟု ယူဆလိုက်သည်။
အခန်းထဲတွင် လင်ရော့ရှီး ချန်ထားခဲ့သော စံပယ်ရနံ့ သင်းသင်းလေးကို နက်ရှိုင်းစွာ ရှုသွင်းလိုက်ရင်း မနက်ဖြန်တွင် တစ်ရက်ထက်ပိုပြီး မသိသေးတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ ဘယ်လို လက်ထပ်ရမလဲဟု တွေးကာ ရယ်မိ၏ ။တဖန် လင်ရော့ရှီး၏ ပြတ်သားသော မျက်ဝန်းများက သူ၏ အေးခဲနေသောနှလုံးသားကို ဘယ်လိုလုပ် ပူပြင်းအောင် လုပ်နိုင်ခဲ့သလဲဟု တွေးတောနေမိပြန်သည်။ သူ၏ ရင်ထဲတွင် လှပ၍ တချက်တချက် ဒေါသထွက်စရာကောင်းသော ထိုမိန်းကလေးအပေါ် ထူးဆန်းသော ခံစားချက်များ ပေါက်ဖွားလာသလို ခံစားမိသည်။
YOU ARE READING
My Wife Is A Beautiful CEO(Translation)
RomanceCEO မမလေးကလွဲပြီး ကျန်တဲ့သူအပေါ် ဘုရင်ကျတဲ့ - ယန်ချန် သူများတွေတောင် သရေတမြမြ ဖြစ်ရတဲ့ ယန်ချန်ကိုမှ အချေတလိုင်းနဲ့ ဆက်ဆံသူ -CEOလင်ရော့ရှီး [ review ကတော့ ဒီလောက်ပါပဲ ဘာလို့ဆို ဘာသာပြန်သူ ကျွန်မကိုယ်တိုင် MCကို ဆဲဆဲနေရလို့ တော်ပြီ ဒီလောက်ပဲ🤧ကိုယ့်ဟာ...