Chapter (9) ;Uni + Zaw

18 0 0
                                    

Uni

အပိုင်း(၉) : ရှင် အရှက်မရှိတဲ့သူပဲ

“ပြောလေ ဘာကိစ္စလဲ?”
ယန်ချန်သည် တဖက်ကလည်း စကားပြောရင်း တဖက်မှာလည်း သူ၏ ခြေထောက်တစ်ဖက်ကို သားရေထိုင်ခုံပေါ်တွင် တင်ကာ ပလပ်စတစ်စလစ်ဖိနပ်ကို ချွတ်၍ လက်တစ်ဖက်ဖြင့် ခြေထောက်ကို ကုတ်လို့နေ၏ ။ ပူပြင်းသောရာသီဥတုကြောင့် အလွယ်တကူ ယားယံတတ်၍ ဆေးဝယ်လိမ်းဖို့ အချိန်တန်ပြီလားလို့ဟုတောင် စဉ်းစားလိုက်သည်။

ထိုမြင်ကွင်းကြောင့် လင်ရော့ရှီးသည် သူမပြောမယ့်စကားကို ခေတ္တရပ်လိုက်၏ ။ မသိစိတ်က သူမ၏ နှာခေါင်းကို ထိလျက် မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည် ။
" ရှင် ဒီလိုရွှံစရာကောင်းတဲ့လုပ်ရပ်တွေ မလုပ်လို့ မရဘူးလား"

ယန်ချန်သည် စိတ်ထဲမထားဘဲ ပြုံးလိုက်ရင်း
"ဟေ့ ကိုယ့်ခြေထောက်ကိုယ်ယားလို့ ကုတ်တာ ဒါ သဘာဝပဲလေ အဲဒါကို စက်ဆုပ်ရွံနေရမှာလား ယားပါတယ်ဆိုနေမှ သည်းခံပြီး ဘာလုပ်မလို့တုန်း"

လီရော့ရှီးအနေဖြင့် ထိုကဲ့သို့ အရှက်မဲ့သောလူကို သူမဘဝတွင် ဒါ ပထမဆုံးအကြိမ်တွေ့ဖူးတာ ဖြစ်ကြောင်း ကျိန်ဆိုမိသည်။ထိုလူသည် သိုးကင်တုတ်ထိုးရောင်းသည့် ဈေးသည်တစ်ဦးသာဖြစ်ကြောင်း သူမ သိသော်လည်း
အဲ့တော့ရော ဘာဖြစ်တုန်း ။သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရသည့် အချက်မှာ မပြောင်းလဲနိုင်တော့ပေ။ထိုအခြေအနေကို လက်ခံပြီး အမှားတွေ ဆက်လုပ်သွားယုံသာမျှသာ ရှိတော့သည် ...

ယန်ချန်……”

" နေဦး!”
ယန်ချန်သည် သူမ၏ စကားကို ထပ်မံတားဆီးလိုက်ပြန်သည်။

" ဘာဖြစ်ပြန်ပြီတုန်း" လင်ရော့ရှီးသည် အနည်းငယ် ဒေါသထွက်သွားပြီး သူမ၏ အေးစက်သော မျက်နှာပြင်မှာ
အနည်းငယ် နီမြန်းလို့လာသည်။

ရှက်ရွံ့စွာဖြင့် ယန်ချန်က ဆိုသည်။
"မိန်းကလေး လင်… မင်းလည်း မြင်တာပဲ မင်းက ငါ့နာမည်တင် မက ရဲတွေ ငါ့ကို ဖမ်းသွားတာကိုတောင် သိတယ်၊ သေချာတယိ မင်း ငါ့အကြောင်းကို စုံစမ်းပြီးပြီပဲ ဒါပေမယ့် ငါ့မှာကြ မင်းနာမည်ကိုတောင် မသိသေးဘူး၊ အဲ့တာကို မင်းက ငါနဲ့ ဆွေးနွေးချင်တယ်လို့ ပြောတော့ ဒါ နည်းနည်းတော့… "ဟု ဆိုကာ လင်ရော့ရှီး၏ စကားကို သုံးသပ်လိုက်သည်။

My Wife Is A Beautiful CEO(Translation)Where stories live. Discover now