နံနက်ခင်းအလင်းရောင်သည် ပြတင်းပေါက်များမှတဆင့် ယန်ချန်၏ အိမ်အတွင်းသို့ လင်းထိန်စွာ ကျဆင်းလို့နေ၏။
ယန်ချန်သည် မူးနှောက်နှောက်ဖြင့် ခေါင်းကို ခါယမ်းလိုက်ကာ ထချင်သော်လည်း သူ့ဘေးနားတွင် ပျော့ပျောင်းသော အရာတစ်ခုက ရစ်ပတ်ထားသလို ရုတ်တရက် ခံစားလိုက်ရသည်။ယန်ချန်သည် ချက်ချင်းပင် ခေါင်းငုံ့၍ ကြည့်လိုက်ရာ မနေ့ညက သူ အိမ်ကိုခေါ်လာခဲ့သည့် အရက်မူးနေသော ထိုကောင်မလေး ဖြစ်နေခဲ့သည်။
ထိုအခိုက်တန့်တွင် ကြာပန်းနှင့်တူသော သူမ၏ လက်တစ်ဖက်သည် သူ့ခါးပေါ်သို့ ပွေ့ဖက်လာခဲ့သည်။ စောင်အောက်ရှိ တင်းတင်းရင်းရင်း ရင်သားတစ်စုံသည် သူ့ပေါင်ပေါ် တိုးဝှေ့လို့နေကာ ထိုအထိအတွေ့သည် ချောမွေ့သော ကတ္တီပါအလား ကောင်းမွန်နေခဲ့သည်။
ဖြူစင်ပြီး နူးညံ့လှသော သူမ၏ ပေါင်တံလေးသည်
သူ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ဝိုက်ကို အထိန်းအကွပ်မဲ့စွာ ရစ်ပတ်လို့ထားသည် ။ မနေ့ညက အလိုလိုက်ခဲ့သော ထိုဆွဲဆောင်မှုရှိလှသည့် တင်ပါးလိုင်းလေးမှာ ယဲ့ယဲ့လေး လှစ်ဟသွားခဲ့သည်။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ထိုမိန်းကလေးနှင့် အပြစ်ကင်းစင်သောပုံရိပ်လေးမှာ အလွန်ကို လိုက်ဖက်လွန်းလှသည့်အပြင် သူမ၏ မျက်နှာလေးမှာ အလွန်ကို လှပနေခဲ့သည် ။ယန်ချန်တောင် မနေနိုင်ဘဲ ငိုချလောက်တဲ့အထိသာပင် ။ သူ့တစ်သက် တွေ့ဖူးသည့် အမျိုးသမီးအားလုံးများကြားထဲတွင် ထိုမိန်းကလေးသည် ထိပ်တန်း ၃ယောက်ထဲသို့ ဝင်ရောက်နိုင်သည်မှာ သေချာ၏ ။
ယန်ချန်သည် ကောင်းကင်ဘုံမှ ပေးပို့လိုက်သော အနုပညာလက်ရာဖြစ်သည့် ထိုမိန်းကလေး၏ အသွင်အပြင်ကို ကြည့်ရင်း ပူဆွေးကြေကွဲနေစဉ် သူ့မျက်လုံးထောင့်မှ ကုတင်အနောက်စွန်းတွင် ခြောက်သွေ့နေသော အနီရောင်သွေးစက်များက ကုတင်ခင်းပေါ်တွင် စွန်းထင်းနေသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။
သူ့နှလုံးခုန်သံများကို ဆွဲထုတ်လိုက်သကဲ့သို့ယန်ချန်သည်
မျက်မှောင်ကြုတ်ကာ သူ လျစ်လျူရှုထားခဲ့သော ထိုမိန်းကလေးကို ကြည့်ရင်းအနည်းငယ် အံ့သြသွားမိသည်။ ထိုသွေးစက်မှာ သူသွေးမဟုတ်တာတော့ သေချာသည်။ သို့သော် သူ ထင်မှတ်မထားခဲ့သည်မှာ ပျက်စီးနေသော ထိုအလှလေးမှာ တကယ်တော့ အပျိုစင်ဖြစ်နေခဲ့သည်။
YOU ARE READING
My Wife Is A Beautiful CEO(Translation)
RomanceCEO မမလေးကလွဲပြီး ကျန်တဲ့သူအပေါ် ဘုရင်ကျတဲ့ - ယန်ချန် သူများတွေတောင် သရေတမြမြ ဖြစ်ရတဲ့ ယန်ချန်ကိုမှ အချေတလိုင်းနဲ့ ဆက်ဆံသူ -CEOလင်ရော့ရှီး [ review ကတော့ ဒီလောက်ပါပဲ ဘာလို့ဆို ဘာသာပြန်သူ ကျွန်မကိုယ်တိုင် MCကို ဆဲဆဲနေရလို့ တော်ပြီ ဒီလောက်ပဲ🤧ကိုယ့်ဟာ...