အခန်း( ၅ ) : ငါအမုန်းဆုံးက ဘာလဲ

30 2 0
                                    

"ယန်ချန် မနေ့က ငါပြင်ခိုင်းထားတဲ့ငွေ ပြင်ဆင်ပြီးပြီလား
ငါ့ညီအစ်ကိုတွေက အဲ့ငွေနဲ့ စားဖို့သောက်ဖို့ စောင့်နေတာလေ"

ချန်ဖုန်းသည် သူ့လက်ထဲက ငွေကြိုးကို လှုပ်ရမ်းကာ
မချိုမချဉ် အပြုံးဖြင့် ရှေ့ကနေ မတ်တပ်ရပ်လျက် မေးလိုက်သည်။

လောင်လီသည် ထိတ်ထိတ်လန့်လန့်ဖြင့် ယန်ချန်၏ ရှေ့သို့
ဝင်ရပ်လိုက်ရင်း ဆိုလိုက်သည် ။
" ချန်ဖုန်း မင်းတို့ လူကို အရမ်းအနိုင်မကျင့်ကြနဲ့ !
မင်းအဖေ သူဌေးချန်က ဒီနယ်မြေရဲ့ သူဌေးကြီးဆိုတောင်
ဒါပေမဲ့ မင်းက ဘာဆိုင်လို့ ကာကွယ်ကြေးတွေကို တောင်းနေရတာလဲ …အရင်ကတည်းက သူဌေးချန်က
ဆိုင်မဖွင့်ရင် ကာကွယ်ကြေးပေးစရာမလိုဘူးလို့ ပြောထားတာ မင်းအထင် ငါတို့မသိဘူးလို့ ထင်နေလား "

ချန်ဖုန်း၏ အဖေ ချန်သယ့်ဟိုင်သည် အနောက်ပိုင်းခရိုင်ရှိ
လူဆိုးခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည် ။သို့မဟုတ်ပါက ချန်ဖုန်းတစ်ယောက် ကာကွယ်ကြေးများကို နေရာတိုင်းတွင် အတားအဆီးမရှိ ကောက်ယူသိမ်းဆည်းလိမ့်မည် မဟုတ်။
သူ့အဖေ၏ စကားဖြင့် သူ့ကို ဖိအားပေးနေသော လောင်လီ၏ စကားကြောင့် သူသည် အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး
" လူအိုကြီး မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတုန်း…မင်းအထင် ငါ့အဖေနဲ့ငါ့ကို ခြိမ်းခြောက်တိုင်း ငါက ကြောက်နေမယ်လို့ ထင်လား …အဲ့တာ ငါ့အဖေကွ မင်းမြေး မဟုတ်ဘူး ! ငါနဲ့ထိုက်တန်လို့ ငါကောက်တာ !
်ကောင်းနေတာကို ဆိုးအောင်မလုပ်ချင်နဲ့"

“မင်း……”
လောင်လီသည် သူ၏ စကားမှာ သူဌေးချန်အပေါ် စော်ကားလုနီးပါး ဖြစ်သွားသည်ကို သဘောပေါက်သွားခဲ့သည်။
ကုန်ကုန်ပြောရရင် သူတို့က သားအဖရင်းတွေလေ သူက ဘာမို့လို့တုန်း ။သို့သော် သူ့ဘက်ကလည်း ဒီထက်ပိုပြီး သည်းမခံနိုင်တော့ပေ။ ယန်ချန်ကိုယ်စား ကူညီပြောပေးနေသည့် အချိန် ယန်ချန်မှ သူ့အား နောက်ပြန်ဆွဲခေါ်သွားခဲ့သည် ။

ယန်ချန်သည် ခေါင်းကိုက်နေသည့် ဒီဇိုင်းဖြင့် သူ၏ နဖူးကို ပွတ်သပ်နေရင်း မျက်မှောင်ကြုတ်လိုက်သည် ။ထို့နောက်
လောင်လီကို ဆွဲခေါ်လိုက်ပြီးနောက် သူသည် ချန်ဖုန်းအား
"မင်းနာမည်က..... ချန်ဖုန်း ဟုတ်တယ်ဟုတ်?  ငါ မင်းကို အကိုကြီးဖုန်းလို့ ခေါ်မယ် ထပ်ပြီး ရန်ဖြစ်မနေကြနဲ့တော့… ငါက ရှုပ်ရှုပ်ရှက်ရှက်တွေ မကြိုက်ဘူး ဒါပေမဲ့လည်း ဒီနေ့ ငါ့မှာ ပိုက်ဆံမရှိဘူး ဒီရက်ပိုင်း ငါ ငွေရှာထားလိုက်မယ် အဲ့ကြမှ ပြန်လာခဲ့တော့ "

My Wife Is A Beautiful CEO(Translation)Where stories live. Discover now