Zawgyi :
အပိုင်း(၈):ဂန္ဓမာလက်ဖက်ရည်
ယန်ချန်တစ်ယောက် အတွေးပေါင်းများစွာဖြင့်
ရဲဌာနထဲသို့ ထွက်လာခဲ့သည်။လူစိမ်းတစ်ယောက်က ဘာကြောင့် သူ့ကို အာမခံနဲ့ ထုတ်ပေးလည်းဆိုတာ စဉ်းစားမရသည့်အပြင် ဒီထက်ပို စဉ်းစားမရသည်မှာ ရဲတွေ၏ သဘောထားသာ ဖြစ်သည်။ကြည့်ရတာ ထိုရှေ့နေ၏ နောက်ခံမှာ အတော်လေးတောင့်သည့်ပုံရ၏ ။ရဲစခန်း၏ ဝင်ပေါက်တွင် တစ်ခေါင်းလုံး ဆံပင်အဖြူနှင့် ပုဂ္ဂိုလ်သည် ရွှေအိုရောင် မျက်မှန်ကို တပ်ဆင်ထားပြီး
ချိုင်ယန်နှင့် လက်ချင်းချိတ်၍ နှုတ်ဆက်နေသည်မှာ ခန့်ညားလှသည်။"အကြီးအကဲချိုင် ခုလို ပူးပေါင်းပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်… အနောက်ပိုင်းခရိုင်ရဲဌာနရဲ့ အကြီးအကဲအဖြစ် ခုလို လူငယ်တစ်ယောက်ကို မြင်ရတာ တကယ့်ကို ကြုံတောင့်ကြုံခဲ ကိစ္စပဲ "
ချိုင်ယန်၏ မျက်နှာသည် တည်ကြည်လေးနက်နေခဲ့ပြီး
သူမ၏ လှပသော မျက်နှာသည် အေးစက်စက်အပြုံးတို့ဖြင့်
ပုံဖော်ထားသည်။
" ရှေ့နေ့ကြီးကျန်းက ကျန်းဟိုင်ရှေ့နေလောကမှာ စီနီယာကြီးပဲ…ကျွန်မတို့လူငယ်တွေ သေချာပေါက်လေးစားရမယ့် ပုဂ္ဂိုလ်တစ်ယောက်ပဲလေ "
ထိုသို့ ပြောလိုက်သော်ငြားလည်း ချိုင်ယန်၏ အကြည့်သည် ပျင်းရိစွာ ဆွဲဆန့်နေသော ယန်ချန်ပေါ်သို့ ကျရောက်လျက် ရှိသည်။ရှေ့နေကြီးကျန်းလို ဝါရင့် ပုဂ္ဂိုလ်တစ်ယောက်က ယန်ချန်ကို အာမခံပြီး လွှတ်ပေးမယ်ဆိုတာ သူမ မတွေးထားမိသော အရာသာ ဖြစ်သည်။ရှေ့နေ့ကြီးကျန်းသည် ၎င်း၏ အလုပ်ရှင်မှာ မည်သူဖြစ်ကြောင်း ဖော်ပြခြင်း မရှိခဲ့သော်လည်း ခုလို ဝါရင့်ရှေ့နေ့တစ်ယောက်ကို တောင်းဆိုနိုင်သည့် ပုဂ္ဂိုလ်မှာ ကျုံးဟိုင်တွင် ဘောင်ဝင်၍ ထက်မြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ပေသည်။ဒီလိုလူက သိုးကင်ရောင်းတဲ့ လူအတွက် ထွက်ပေါ်လာရတယ် ဆိုကတည်းက သူမ၏ ခန့်မှန်းချက်မှာ မမှားနိုင်တော့သလို ယန်ချန်၏ နောက်ခံမှာလည်း သေချာပေါက် ရိုးရှင်းလိမ့်မည် မဟုတ်။
ရဲစခန်းနယ်မြေမှ ထွက်လာခဲ့ပြီးနောက်တွင် ယန်ချန်သည်
ရှေ့နေကြီးကျန်းအား ရိုးရိုးရှင်းရှင်း ပြုံးပြလိုက်ရင်း ဆိုလိုက်သည်။
YOU ARE READING
My Wife Is A Beautiful CEO(Translation)
RomansaCEO မမလေးကလွဲပြီး ကျန်တဲ့သူအပေါ် ဘုရင်ကျတဲ့ - ယန်ချန် သူများတွေတောင် သရေတမြမြ ဖြစ်ရတဲ့ ယန်ချန်ကိုမှ အချေတလိုင်းနဲ့ ဆက်ဆံသူ -CEOလင်ရော့ရှီး [ review ကတော့ ဒီလောက်ပါပဲ ဘာလို့ဆို ဘာသာပြန်သူ ကျွန်မကိုယ်တိုင် MCကို ဆဲဆဲနေရလို့ တော်ပြီ ဒီလောက်ပဲ🤧ကိုယ့်ဟာ...