Part_8

477 83 15
                                    

မူအန်းရွာ....

စိတ်မပါလက်မပါနဲ့ မြင်းဇက်ကြိုးကို ဆွဲလာတဲ့အရှင့်သားကိုကြည့်ကာ ဂယူလ်ပါမွန်းကျပ်လာသည်...အရှင့်သားရှာနေတဲ့ကောင်လေးက သူ့အဘွားဆုံးပြီးကတည်းကရင်း ရွာကနေထွက်သွားပြီတဲ့လေ...ဘယ်ကိုထွက်သွားလဲမေးတော့ သူတို့လည်းမသိကြပေ...

"မကြာခင်မှောင်တော့မယ်....အခုဘယ်လိုလုပ်မှာလဲ...”

ဂယူ့လ်စကားကြောင့် မင်းသားအီရန်က စဉ်းစားနေပုံရကာ....

"ဆရာ့ရဲ့မိတ်ဆွေ ရွာအကြီးအကဲရဲ့အိမ်မှာပဲ ဒီညတည်းရတော့မှာပေါ့...လိုက်ခဲ့ ဂယူလ်....”

ဂယူလ်လည်းသူစီးလာတဲ့မြင်းကိုဆွဲရင်း အရှင့်သားနောက်လိုက်လာခဲ့သည်...မူအန်းရွာက မက်မုံပင်တွေတော့အတော်ပေါတာပဲ...အိမ်တိုင်းလိုလို မက်မုံပင်တစ်ပင်တော့ရှိကြသည်...

အတော်အသင့်ကျယ်ဝန်းသောအိမ်ကြီးရှေ့ရောက်လာကာ အရှင့်သားက ရွာအကြီးအကဲနဲ့တွေ့ခွင့်တောင်းသည်....ခနအကြာ အဘိုးကြီးတစ်ဦးရောက်လာကာ သူတို့နှစ်ဦးကိုသေချာကြည့်နေရင်း....

"ဒါ...ဒါ...အရှင့်သား....ကျွန်တော်မျိုးချက်ချင်းမမှတ်မိလို့ တောင်းပန်ပါတယ်...”

"ရပါတယ် အကြီးအကဲ....ဆရာကြီးက ကျန်းမာတော်မူရဲ့လားလို့ အမှာစကားပါးလိုက်ပါတယ်...”

"အရှင့်သားငယ်တုန်းကလာတော့ အဲ့ဒီတစ်ခေါက်နောက်ဆုံးပဲ သူနဲ့တွေ့ရတာ...အခုဆိုဆယ်နှစ်ကြာခဲ့ပြီပေါ့....အရှင့်သားလည်း လူသေးသေးလေးကနေ အများကြီးထွားပြီးခန့်ညားလာလိုက်တာ...”

ရွာအကြီးအကဲကဦးဆောင်ပြီး သူတို့နှစ်ဦးကိုဧည့်ဆောင်မှာ နေရာချပေးရင်း .....

"အခုက မက်မွန်သီး သီးချိန်မဟုတ်တော့ အရှင့်သားကိုမက်မွန်သီးနဲ့ဧည့်ခံလို့မရတော့ဘူး...အရှင့်သားက မက်မွန်သီးအရမ်းကြိုက်တာကိုမှတ်မိသေးတယ်...ဒီကနေပြန်တော့အဲ့နေ့က မက်မွန်သီးတွေကို နန်းတော်မှာစားဖို့အများကြီးထုတ်ပေးဖို့ပူဆာသေးတာလေ...”

အကြီးအကဲစကားကြောင့် ပြုံးလိုက်မိသည်...သူတို့စကားပြောနေတုန်း မွှေးကြိုင်စွာချက်ပြုတ်ထားတဲ့စားစရာတွေလာချပေးလေသည်....

💜Destiny of Royal Prince and the blue eyes magician💜Where stories live. Discover now