လိပ်ပြာပုံလက်ပတ်လေးအား သေချာကြည့်နေမိသည်...လိပ်ပြာလေးတစ်ကောင်အတောင်ဖြန့်ထားတဲ့ပုံစံဖြစ်ပြီး ခရမ်းရောင်ကျောက်လေးနဲ့ပြုလုပ်ထားသည်...ကြိုးလေးမှာလည်း ငွေချည်မျှင်ကြိုးတွေကိုကျစ်ထားပြီး လိပ်ပြာလေးရဲ့ဘေးတစ်ဖက်တစ်ချက်တွင်ငွေရောင်ခြူလုံးလေးတစ်ခုဆီဝန်းရံထားသည်...
ဒီလိပ်ပြာပုံလက်ပတ်လေးက ခရမ်းရောင်ကျောက်သည်ရှားပါးတဲ့ကျောက်မျိုးဖြစ်သည်...ငွေချည်ကြိုးတွေကလည်းအစစ်ဖြစ်သည်...
အဲ့ဒီကောင်လေးက ဒီလက်ပတ်ကိုပိုင်ဆိုင်တာဆို သာမန်လူရောဖြစ်နိုင်ပါ့မလား...ဒီလောက်အဖိုးတန်တဲ့အရာကို သူ့ကိုနှမြောခြင်းမရှိစွာပေးခဲ့သည်...
သူ့မှာဘယ်လိုစွမ်းအင်မျိုးပိုင်ဆိုင်ထားလည်းမသိပေမယ့် ပစ္စည်းတွေကို အတုအစစ်ခွဲနိုင်သည်...လူတစ်ယောက်ရဲ့စကားက လိမ်နေတာလားတကယ်လားကြားနိုင်သည်...လူတစ်ယောက်ရဲ့မျက်လုံးကိုကြည့်တာနဲ့ အဲ့ဒီလူရဲ့အနာဂတ်ကိုမြင်နိုင်သည်...ဒါတွေဟာ သူ့နဖူးက ငွေရောင်လခြမ်းပုံအမှတ်အသားကြောင့်များလား....
ဒါမှမဟုတ် အိမ်မက်ထဲမှာ ပေါ်လာနေကျရွှေရောင်နဂါးကြီးတစ်ကောင်...အဲ့ဒီနဂါးကြီးနဲ့ပတ်သတ်နေတာများလား....
အဲ့ဒီကလေးရဲ့မျက်ဝန်းတွေကိုကြည့်တော့ သူ့အနာဂတ်ကိုမမြင်ရဘူး....အဲ့ဒီကလေးရဲ့စကားတွေက အမှန်တွေလား အလိမ်ညာတွေလားမသိနိုင်ဘူး...ဘာလို့လဲ....
"ကင်မ်...”
အဘွားဝင်လာတာကြောင့် သူအတွေးများနေရာမှ လက်ပတ်လေးကိုရင်ဘတ်ထဲအမြန်ထည့်လိုက်သည်....
အဘွားက ကန်စွန်းဥပြုတ်ပန်းကန်အားသူ့ရှေ့ချလာပေးရင်း...
"မြေးလေး...အခုတလောအစားလည်းသိပ်မစားသလိုပဲ...ဘာတွေစိတ်ညစ်နေတာလည်းကွယ်...”
"သား အမေ့ကိုလွမ်းလို့ပါ...အဘွား...”
"မြေးလေးရယ်...”
"အမေ ဘယ်မှာရှိနေလည်း ပြောပြပါနော်...သား တွေ့ချင်တယ်...”
"မြေးလေး အမေကမှ မြေးလေးကိုမတွေ့ချင်တာကွယ်...”
![](https://img.wattpad.com/cover/352337203-288-k811460.jpg)
YOU ARE READING
💜Destiny of Royal Prince and the blue eyes magician💜
Ficción históricajjk & kth 16.9.2023