ချလွမ်....
မြေပြင်ပေါ်ပြုတ်ကျသွားတဲ့ဓားနဲ့အတူ ဂယူလ်ရဲ့လည်ပင်းပေါ်ကျရောက်လာတဲ့ ဓားသွား...
"ငါနိုင်သွားပြီ....”
ပြတ်သားကြည်လင်တဲ့အသံတစ်ခုထွက်လာပြီးနောက် ဂယူလ်ပြုံးလိုက်မိသည်...သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်ပွဲကိုကြည့်နေတဲ့ရဲမက်တွေမှာ တော်ဝင်မင်းသားဂျွန်အီရန်အား လက်ခုပ်တီးကာ အားပေးကြသည်....
ဂယူလ် သူ့ဆီကမ်းပေးလာသော လက်ဖျံတစ်လျှောက်မှာ သွေးကြောစိမ်းတွေထောင်ထနေတဲ့တောင့်တင်းသန်မာတဲ့လက်အား ပြန်ဆွဲကိုင်လိုက်ရင်း....
"အရှင့်သားက အခုအမ်းမလော့မှာ အသန်မာဆုံးစစ်သည်ဖြစ်လာပုံပဲ....”
ဂယူ့လ်ဆီက ချီးကျူးသံကြောင့် သူရယ်လိုက်မိသည်....
"ဒါပေမယ့်...ငါ့သူငယ်ချင်းကတော့ အားနည်းလာပုံရတယ်...”
"အဟား....”
ဂယူလ် အရှင့်သားစကားကြောင့် သဘောတကျရယ်ကာ ခြေလှမ်းကျဲကြီးတွေနဲ့လျှောက်သွားတဲ့နောက် ထပ်ကြပ်မကွာလိုက်ခဲ့သည်....
တော်ဝင်မင်းသားအဆောင်ထဲဝင်တော့ ဂျိန်းစ်က ပန်းအိုးထဲပန်းတွေအသစ်လဲနေရင်း ပြုံးပြကာ...
"အရှင့်သားက အခုတော့ ဂယူ့လ်ကို နိုင်အောင်တိုက်နိုင်ခဲ့ပြီပဲ...ဂုဏ်ယူပါတယ်... ”
ဂျိန်းစ်အနားသွားကာ စားပွဲပေါ်က ပန်းတွေအား ကူထိုးပေးလိုက်ရင်း....
"ဂုဏ်ယူသင့်တာပေါ့...ဂယူလ်က အတော်ဆုံးစစ်သည်ပဲလေ...ကျွန်တော်သူ့ကိုတိုက်နိုင်တာ ဂုဏ်ယူသင့်တာပေါ့...အဟွန်း...”
သူတို့ပြောတာတွေကိုနားထောင်ပြီး ဂယူ့လ် မျက်နှာမှာ ရှုံ့မဲ့နေလေသည်...
"လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း တစ်ခါမှတောင်မနိုင်ဖူးဘဲနဲ့... ခုမှ တစ်ခါလေးကို အရမ်းတွေဂုဏ်ယူနေလိုက်တာ..ဂျိန်းစ်လည်းမြင်တယ်မလား....”
ဂျိန်းစ်က ဂယူ့လ်နားသွားကာ....
"ငါတို့ ဂယူလ်လေး ဘယ်နားနာသွားပါလိမ့်...ဂျိန်းစ်က ဆေးကျိုပေးရမယ်ထင်တယ်....”
YOU ARE READING
💜Destiny of Royal Prince and the blue eyes magician💜
Narrativa Storicajjk & kth 16.9.2023