"Tae Zu....Tae Zu..... ”
"ဘယ်သူလဲ....”
"ငါပါ....”
သူ ဒရင်းကျွန်းဆွယ်မှာ တွေ့ခဲ့တဲ့ ဝတ်ရုံရှည်နဲ့ကောင်လေး....
"မင်း ဆူအင်းမြို့ထိလိုက်လာတယ်......ဘာကိစ္စ ရှိလို့လဲ....”
"ငါလိုက်လာတာမဟုတ်ဘူး....ဒီတည်းခိုခန်းရဲ့အရှေ့ဘက်က တောအုပ်မှာ ငါဖမ်းခံထားရတယ်...မင်းငါ့ကိုလာကယ်တင်ပေးနိုင်မလား....မဟုတ်ဘူး....လာကယ်ပေးပါ Tae Zu....”
ထယ်ယောင်း မျက်လုံးတွေပွင့်လာသည်....သူအိမ်မက်မက်နေတာပဲ....အပြင်မှာ မနက်လေးငါးနာရီလောက်ရှိဦးမည်....သူကုတင်ထက်မှထကာအရှေ့ရပ်ဘက်က ပြတင်းပေါက်ကိုဖွင့်ကြည့်မိတော့ နှင်းမှုန်လေးတွေနဲ့ဝိုးတဝါးမြင်ကွင်းထဲတွင် တောအုပ်တွေနဲ့တောင်တန်းတွေက အဝေးမှာမှုန်ပြပြ....
ရုတ်တရက်သူ့မျက်လုံးအပြာရောင်တောက်ပလာပြီး တောအုပ်တစ်နေရာက ကောင်းကင်ထက်မှာ အနီရောင်အလင်းတွေကိုတွေ့ရသည်....ဒါဆို ဟိုကောင်လေးတကယ် ဖမ်းခံထားရတာလား....
ထယ်ယောင်းအများကြီးမစဉ်းစားနိုင် သူသွားကယ်ဖို့ဆုံးဖြတ်လိုက်ရင်း အခန်းပြင်ထွက်လာမိသည်....ငြိမ်သက်နေတဲ့တစ်ဖက်ခန်းက ပိတ်ထားတဲ့တံခါးကိုကြည့်လိုက်ရင်း....
"ငါပြန်လာခဲ့မယ် ဂျောင်ကု....”
မနက်လေးနာရီဆိုတဲ့အချိန်က အမှောင်ရိပ်ရှိနေတုန်းမလို့ ထယ်ယောင်းထွက်လာတာကို ဘယ်သူမှမမြင်လိုက်ဘဲ မြင်းစောင်းက သန်မာထွားကျိုင်းတဲ့မြင်းတစ်ကောင်ကိုပါ ယူစီးလာတာပဲဖြစ်သည်....
သူစီးလာတာ အရှင့်သားဂျွန်အီရန်ရဲ့မြင်းဆိုတာ သူမသိပေမယ့်လို့ ဂယူလ်ကမြင်းခွာသံကြားတာနဲ့ ထလာခဲ့မိတာ....သူတို့မြင်းခိုးခံရပြီဆိုပြီးတော့....မြင်းစီးပြီးထွက်သွားတာ ထယ်ယောင်းဆိုတာနဲ့ သူလည်းနောက်ကနေ တိတ်တိတ်လေးလိုက်ခဲ့မိတော့သည်.....
ဒီဖြစ်ရပ်တွေကို မသိပဲ ကုတင်ထက်မှာအေးချမ်းစွာအိပ်မောကျနေတဲ့ တော်ဝင်မင်းသားဂျွန်အီရန်ကတော့ ဟောက်သံပိစိလေးတောင်ထွက်နေသေးသည်....
ထယ်ယောင်းတောအုပ်ထဲတစ်ဖြည်းဖြည်းဝင်လာခဲ့သည်...တောကနက်သထက်နက်လာကာ သာမာန်လူဆိုမှောင်ရီပျပျမှာမျက်စိလည်မှာဖြစ်ပေမယ့် ထယ်ယောင်းရဲ့အပြာရောင်မျက်လုံးမှာမူ လမ်းကိုညွှန်ပြနေတဲ့ နတ်သူငယ်ပိစိလေးတွေကိုတွေ့ရလေသည်...
![](https://img.wattpad.com/cover/352337203-288-k811460.jpg)
YOU ARE READING
💜Destiny of Royal Prince and the blue eyes magician💜
Historische Romanejjk & kth 16.9.2023