Part_9

172 27 4
                                    

"ဂျောင်ကုလားဟင်....”

တော်ဝင်မင်းသားဂျွန်အီရန်မှာ ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်ရင်း....

"ဟုတ်ပါတယ် ကိုယ်ပါ ဂျောင်ကု....”

ထယ်ယောင်းမျက်နှာလေးမှာ ပြုံးသွားကာ ဂျောင်ကုရင်ခွင်ထဲဖက်တွယ်လာရင်း....

"တွေ့ချင်နေခဲ့တာ....”

ဂျောင်ကုလည်း ထိုဖြူသွယ်သွယ်ကိုယ်လုံးလေးအား တင်းကျပ်စွာပြန်ဖက်ထားလိုက်ရင်း....

"ကိုယ်ရောပဲ ကင်မ်....မင်းကိုရှာနေခဲ့တာ...မူအန်းရွာကနေပြန်လာတာအခု...”

ထယ်ယောင်းလက်လေးတွေက ဂျောင်ကုမျက်နှာချောချောလေးအားအုပ်ကိုင်လာကာ...

"ပင်ပန်းသွားရပြီ....ငါ့ရဲ့ဂျောင်ကုလေး....”

တော်ဝင်မင်းသားဂျွန်အီရန်တစ်ဖြစ်လဲ ဂျွန်ဂျောင်ကုမှာ နှုတ်ခမ်းထက်အပြုံးတွေမှာမရပ်တန့်တော့ပေ...ထယ်ယောင်းမှာ ခုမှသတိရသွားကာ ဂျောင်ကုကိုယ်လုံးကြီးနဲ့ခွာလိုက်ရင်း....

"သွားတော့လေ....ဟို ငါရေချိုးလို့မပြီးသေးဘူး....”

ဂျောင်ကုလည်း အခုမှ မျက်နှာလေးတစ်ခုလုံးမက်မွန်သီးလေးလိုနီရဲနေသော ချစ်စရာကောင်လေးအားကြည့်ကာ အရှက်ပြေချောင်းဟန့်လိုက်ရင်း....

"အဟမ်း...ကိုယ်ရောအတူချိုးလို့မရဘူးလားဟင်...”

"ဟင်...မရပါဘူး....ထွက်သွားလို့ ဂျောင်ကု...”

"အင်းပါ ဟုတ်ပါပြီ...ကိုယ်မင်းပြီးတဲ့အထိစောင့်နေမယ်နော်...”

ဂျောင်ကုလည်း ကင်မ့်ကိုစနောက်နေရတာကြောင့် ရယ်မောပြီး အပြင်ကိုထွက်လာလိုက်သည်...

...ငယ်ငယ်တုန်းကလိုပဲ ချစ်ဖို့ကောင်းတုန်းပဲ နှင်းဖြူလုံးလေးက...

..................

"ဝင်ခဲ့လေ...”

ဂယူလ်စားပွဲရှေ့ထိုင်ကာ စောင့်နေတုန်း အခန်းထဲဝင်လာတဲ့အရှင့်သားကြောင့်ထရပ်ကာ စကားပြောမလို့ဟန်ပြင်လိုက်တော့ အရှင့်သားကတစ်စုံတစ်ယောက်ကိုအခန်းထဲခေါ်နေလေသည်....

ဂယူလ်မျက်မှောင်တွေကျုံ့သွားမိသည်....ဘယ်သူ့ကိုခေါ်လာပြန်တာလဲ....ကြည့်နေတုန်းပင် အရှင့်သားအနောက်ကနေ ပါလာတဲ့သူကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်....

💜Destiny of Royal Prince and the blue eyes magician💜Where stories live. Discover now