Intro

2K 153 17
                                    

ငယ်စဉ်တည်းက တူတူကြီးပြင်းလာတဲ့အပြင် ဒီအရူးကောင်ကလွဲ တခြားသူငယ်ချင်းတွေမရှိခဲ့တဲ့ ရစ်ခီ အဖို့ 'ငါတို့ခိုးပြေးကြရအောင်' ဆိုတဲ့ စကားတစ်ခွန်းကြောင့် အသက် ၁၇ နှစ် အထက်တန်းပြီးခါစအရွယ်မှာပဲ ဒီအရူးကောင်နောက်ကို ယုံယုံကြည်ကြည်နဲ့ ခိုးရာလိုက်ခဲ့သည် ..

မိဘ‌တွေအချင်းချင်းက အိမ်နီးချင်း‌ဆိုပေမယ့် စီးပွားပြိုင်ဖက်တွေဖြစ်တာမို့ သိပ်မတည့်ကြ ... သို့သော် မွေးလာတဲ့ ကလေး ၂ ယောက်က ရွယ်တူဖြစ်တဲ့အပြင် တစ်ကျောင်းတည်း တစ်ခန်းတည်း တက်နေကြတဲ့ သူတွေ ဖြစ်သည့်အလျောက် အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြသည် ..

အထက်တန်း ဒုတိယနှစ် နောက်ဆုံးစာမေးပွဲပြီးတဲ့အချိန် ယောင်္ကျားလေး‌တွေစုကာ အရက်ခိုးသောက်တုန်း ဆရာမိလို့ ထွက်ပြေးရာကနေ ချောင်ထဲမှာ နှစ်ယောက်သား ပူးကပ်ကာ ပုန်းမိချိန် အရက်သောက်ထားတဲ့အရှိန်နဲ့ရော ပူးကပ်နေမိတဲ့ အထိအတွေ့‌နဲ့ပါ ပေါင်းပြီး ထိုအရူးကောင်က ရစ်ခီကို စလာနမ်းခဲ့သည် ...

ရစ်ခီတွန်းမထုတ်ခဲ့မိ ... ပထမဆုံး အနမ်းမို့ စိတ်လှုပ်ရှားနေတာကြောင့်လား / အရက်ကြောင့်လား / ဒါမှမဟုတ် သူ့အပေါ် စိတ်ရှိနေခဲ့မိလို့လား??

သေချာတာကတော့ အထက်တန်း တတိယနှစ်တစ်နှစ်လုံး အရူးကောင်ဟာ ဘယ်တုန်းက သင်ထားမှန်းမသိတဲ့ ဆရာကျမှု အနမ်းတွေနဲ့ ကျောင်းနောက်မှာ ... အိမ်သာမှာ .. အားကစားရုံမှာ .. နောက်ဆုံး စာသင်ခန်းထဲမှာတောင် လူလစ်ရင်လစ်သလို ရစ်ခီကို နမ်းခဲ့သည် ...

ပျော်ပျော်ကြီး အနမ်းခံခဲ့တာတော့ ရစ်ခီပေါ့ ...

အထက်တန်း စာမေးပွဲ အောင်ပြီးတဲ့အချိန်မှာ သူ့ဘက်က စကားတစ်ခွန်းပြောလာခဲ့သည် ...

"ငါတို့ ခိုးပြေးကြရအောင်"
တဲ့ ...

"မိဘတွေကို ဘယ်လိုထားခဲ့မှာလဲ?"
လို့ပြန်ပြောမိတဲ့အခါ ...

"မင်းရွေး .. မိဘတွေကိုလား ... ငါလား?"
လို့ ပြန်မေးလာတဲ့ သူ့ရဲ့ နောက်ကို လက်ဆွဲပြီး လိုက်သွားခဲ့သည် ... အခု ၂၄ နှစ်ထိပေါ့ ...

မိဘတွေက ခိုးပြေးမှန်းသိတော့ အတင်း ပြန်ခေါ် / ပြန်ခွဲမယ် လုပ်ပေမယ့် ဒင်းက နှစ်ဦးသဘောတူ လက်ထပ်စာချုပ်ကို ပြပြီး မရမက သဘောတူခိုင်းခဲ့တာ ... ရစ်ခီ့အမေက စိတ်တို ငိုယိုပြီး ရစ်ခီ့ကို ထုရိုက်တော့ သူက အစားဝင်ခံပေးခဲ့လေရဲ့ ...

ရစ်ခီ့အတွက် Hero ကြီးဖြစ်ခဲ့တာပေါ့ ...

သူငယ်ချင်းတွေကြား / အမျိုးတွေကြားထဲ ပထမဆုံး လိင်တူအတွဲမို့ ဟိုးလေးတကြော်ကြော် ဖြစ်သွားလိုက်သေး ....

လက်ထပ်ပွဲတော့ မလုပ်ခဲ့ရ ... မိဘတွေကတော့ သူတို့ သဘောမတူတဲ့ လက်ထပ်ပွဲကို မလုပ်ပေးနိုင်ကြောင်း ပြောထားပေမယ့် အတူတူနေရန် အိမ်တော့ ဝယ်ပေးရှာသည် .. မိသားစုနဲ့တောင် လက်ထပ်ပွဲ မလုပ်နိုင်လို့ ဝမ်းနည်းနေတဲ့ ရစ်ခီ့ကို သူက အားပေးခဲ့သည် ...

"ငါတို့ဘွဲ့ရပြီးရင် ဟော်တယ်ကြီးငှားပြီး အကြီးအကျယ် မင်္ဂလာဆောင်ကြမယ် ... ငါက အဲ့လိုလုပ်ပေးမယ်" တဲ့ ....

ယုံတာပေါ့ ... ယုံခဲ့တာပေါ့ ... ခိုးရာလိုက်ပြေးပြီး တူတူနေလာခဲ့တဲ့ ၇ နှစ်လုံးလုံး ချစ်တယ် လို့ တစ်ခါမှ မပြောခဲ့တဲ့ သူ့ကို ရစ်ခီက သိပ်ချစ်ခဲ့ပြီး ယုံခဲ့တာပေါ့ ...

ခုတော့ သူက ကွာရှင်းချင်တယ်တဲ့ ...

အကြောင်းအရင်းကို မေးတဲ့အခါ ဒီတိုင်းပဲ တဲ့ ....

လွယ်လွယ်လေး ခိုးရာ‌လိုက်ဖို့‌ေခါ်ပြီး လွယ်လွယ်လေး ပြန်ထားခဲ့ပြန်ပြီ...

မာနတစ်ခွဲသားနဲ့ ရစ်ခီဟာလဲ အကြောင်းအရင်းတော့ မေးမယ် ... ‌မကွာရှင်းပါနဲ့‌လို့တော့ မတောင်းပန်နိုင်ပါဘူး ...

ထိုသို့ဖြင့် သူက အရင်ဆုံး အိမ်ပေါ်က ဆင်းသွားခဲ့သည် .... အိမ်ကြီးက ခြောက်ကပ်နေတာများ ရေကျသံတောင် ကြားရသလိုပင် ...

မဟုတ်တောင် ရစ်ခီတစ်ယောက်တည်းနေ‌ရတာ အသားကျနေခဲ့ပါပြီ ... သူက တက္ကသိုလ်က စီနီယာတွေနဲ့ ဟိုသွားမလို့ / ဒီသွားမလို့ ဆိုပြီး အိမ်ပြန်မလာတာ ကြာပြီကိုး ....

မီးအိမ်ဝါဝါလေးတစ်ခုသာ ဖွင့်ထားပြီး ကုတင်ပေါ် ဘေးတစောင်းလှဲနေတဲ့ ရစ်ခီက ကုတင်ဘေးနားက နှစ်ယောက်တူတူရိုက်ထားတဲ့ ဓာတ်ပုံကို ကြည့်ကာ ကျလာတဲ့မျက်ရည်တွေကို လက်ခုံနဲ့ သုတ်လိုက်သည် ...

"ငါမင်းကို မုန်းလိုက်တာ ကင်မ်ဂယူဘင်း"

_____________________________________

ဟဲ ~~ ဒါလေးက Epilogue လေးပေါ့နော် ... Idea လေးထွက်တုန်း ရေးလိုက်တာ .... 🤭

Loathe Where stories live. Discover now