ဂယူဘင်း ရစ်ခီနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေအပြီးမှာ အလုပ်ခရီး ချက်ချင်းသွားရတာမို့ ၂ လနီးပါး ရစ်ခီ့ကို မတွေ့ရ ...
အရင်ကွာရှင်းတုန်းက ၃ လကြာ မတွေ့ရတာတောင် သတိရစိတ်မဖြစ်မိပဲ အခု အလုပ်ခရီး ၂ လသွားတဲ့အချိန်မှာ နေ့တိုင်း ရစ်ခီ့အကြောင်းတွေတွေး , မဖွင့်တာကြာပြီဖြစ်တဲ့ သူ့ laptop ထဲက ရစ်ခီ့ပုံတွေချည်း သီးသန့်လုပ်ထားတဲ့ဖိုင်လေးကို ခနခနဖွင့်ကြည့်ဖြစ်ခဲ့တယ် ...
တစ်ကယ်ပဲ သူဘာလို့ ဒီလိုတွေလုပ်နေမိတာလဲ ဂယူဘင်းမသိ ...
ရစ်ခီပုံတွေ ကြည့်ရင်း မီရာ့ဆီက ဖုန်းဝင်လာပြန်ရင်လဲ မီ့ရာ့အပေါ် အားနာရပြန်ရော .. ထိုအခါတိုင်း စိတ်ရှင်းသွားအောင် ရစ်ခီနဲ့ ပက်သက်တဲ့ ဖိုင်တွေ အကုန် delete လုပ်ပစ်လိုက်ပေမယ့် ညရောက်တဲ့အချိန် သို့မဟုတ် နောက်တနေ့ မနက်ကျရင် Recycle Bin ထဲကနေ ပြန် Restore လုပ်မိတာချည်း ...
နောက်ဆုံးတော့ Hard Disk ထဲပဲ ထည့်ထားလိုက်ပြီး Laptop ထဲ မထားထားတော့ ... မဟုတ်ရင် ဖွင့်ကြည့်လိုက် , ပြန်ဖျက်လိုက် , ပြန် restore လိုက်နဲ့ ပြီးမှာကို မဟုတ် ...
မီရာ့အပေါ်လဲ မကောင်းရာ ကျတယ်မလား....
____________________________________
ဂယူဘင်း မနေ့ည ၈ နာရီလောက်ကမှ ခရီးက ပြန်ရောက်လေသည် ... ခရီးအတော်ပန်းလာတာကြောင့် မီ့ရာ့ကိုတောင် ဖုန်းမဆက်နိုင်ပဲ တန်းအိပ်ပျော်သွားတာမို့ အစောကြီးအိပ်ပြီး ခု မနက် ၆ နာရီခွဲကြီး နိုးနေလေပြီ..
နွေဦးရာသီပေမယ့် မနက်ခင်းရဲ့ လေကတော့ အေးနေဆဲပဲ ... ရစ်ခီ့လို ချမ်းတတ်တဲ့သူအတွက်ဆို ဒီအချိန်က ဆောင်းရာသီအတိုင်း အေးနေမှာ အသေချာပင် ...
ကော်ဖီပူပူခါးခါးတစ်ခွက်နဲ့အတူ ပြတင်းပေါက်ဘေးက စားပွဲမှာ ထိုင်ရင်း ဖုန်းသုံးနေလိုက်တော့ တွေ့လိုက်တဲ့ သတင်းက အမေရိကားမှာ ကိုရီးယားက ကောင်လေးနှစ်ယောက် မင်္ဂလာသွားဆောင်တဲ့ သတင်း... ဂယူဘင်း ထို post ကို Like လုပ်လိုက်ရင်း စိတ်ထဲကတွေးလိုက်မိတယ် ..
ရစ်ခီနဲ့ လက်ထပ်ပွဲတောင် မလုပ်လိုက်ရဘူးပဲ..
အဲ့လိုတွေးမိပြန်တော့ ဂယူဘင်းက ထပ်ပြီး စိတ်မကောင်းပြန်ပေ .. သက်ပြင်းချရင်း ရစ်ခီတို့ ခြံဘက်ကို လှည့်ကြည့်မိတော့ တိုက်ဆိုင်စွာပင် ရစ်ခီ့ကို လှမ်းတွေ့လေသည် ...