"ဘယ်သူများလဲလို့ ရစ်ခီရှန်ပါလား?"
ညစာ စားဖို့အတွက် ပုဇွန်ကင် အနည်းငယ်ယူလိုက် , sashimi ယူလိုက်နဲ့ အလုပ်များနေဆဲ့ ရစ်ခီ့နား စကားပြောလာတဲ့ သူကြောင့် လှည့်ကြည့်မိတော့ အီမီရာ...
အပြုံးမမည်တဲ့ မျက်နှာနဲ့ အီမီရာ့ကို ဂရုမစိုက်ပဲ ရစ်ခီတခြားဘက်ကို ထွက်သွားလိုက်တာမို့ အီမီရာ စိတ်တိုသွားပုံပင် .. ခပ်မြန်မြန် လျှောက်လာရင်း ရစ်ခီရှေ့လာရပ်တော့ ရစ်ခီသက်ပြင်းချကာ ပြောလိုက်တယ် ...
"ဒီမှာ .. မင်းနဲ့ငါနဲ့ရော သိလို့လား?"
"အိုး ... တို့တွေ အချင်းချင်း ဘယ်သူလဲ သိရဲ့သားနဲ့"
"ငါမင်းကို မသိသလို မင်းနဲ့ ပက်သက်စရာ အကြောင်းလဲမရှိဘူး အိုခေ?"
ရစ်ခီ အီမီရာ ရပ်မနေတဲ့ဘက်ကို တစ်ဖက်ပြန်လှည့်ကာ ထွက်လာတော့လည်း နောက်ကလိုက်လာပြန်သည် ..
"ရည်းစားအသစ်လေးနဲ့ လာတာမလား?"
ဂျီအွန်း တစ်ဖက်မှာ ရွေးနေရင်း ရစ်ခီတို့ကို မြင်တဲ့အခါ ချက်ချင်းပင် ရစ်ခီနားသို့ လျှောက်သွားလိုက်တယ် ...
ရစ်ခီ စိတ်ညစ်သွားမိတယ် ... တစ်ကယ်ပဲ ဘာဖြစ်ချင်နေတာလဲ ဒီမိန်းမ...
"အဲ့ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ .. နောက်ပြီး မင်းအတွက် ငါ့ကို နှောင့်ယှက်ဖို့ အချိန်တွေအရမ်းပေါနေပုံပဲ .. ငါကတော့ ပေါမနေဘူး .. ညစာစားဖို့ လုပ်ရမယ် .. ဆိုတော့ ကျေးဇူးပြုပြီး ငါ့နောက်ကို ထပ်မလိုက်ပါနဲ့"
ပြောပြီး ထပ်လှည့်ထွက်လာဖို့ ခြေထောက်လှည့်ရုံရှိသေး .. အီမီရာရဲ့ လုပ်ရပ်တစ်ခုကြောင့် ရစ်ခီ မျက်လုံးပြူးသွားမိတယ် ...
ရစ်ခီပန်းကန်ထဲက sashimi အတွက်ယူထားတဲ့ ငံပြာရည်ကို သူ့ကိုယ်သူပြန်ပက်ပြီး ထအော်လိုက်ခြင်း ...
အီမီရာ့ အော်သံကြောင့် အာရုံမရနေတဲ့ တခြားသူတွေက ပြုံခနဲ လှည့်ကြည့်လာတော့ ရစ်ခီ အနည်းငယ် တုန်ယင်သွားမိတယ် .. ရစ်ခီ ဒီလို အာရုံစိုက်ခံနေရတာ မကြိုက်ဘူး။
"ဒီမှာ ရှင်ကျွန်မကို မကျေနပ်ရင်နေပါ .. ငံပြာရည်နဲ့တော့ ပတ်စရာမလိုပါဘူး .. အခု ဒါ ဘာလုပ်ရပ်လဲ ရှင်သိလား ... ဒီအင်္ကျီကရော ဘယ်လောက် တန်ဖိုးရှိလဲ သိရဲ့လား"