ရစ်ခီ ဂယူဘင်းနဲ့ စကားပြောပြီး ပြန်လာတည်းက အတွေးတွေ လွန်နေတာကို ဂျီအွန်းသတိထားမိသည် ..
"ရှန်"
"ဟင်?"
ဂျီအွန်းခေါ်သံကြားမှ သတိဝင်လာသလို ကြောင်မျက်လုံးဝိုင်းလေးနဲ့ မော့ကြည့်လာတဲ့ ရစ်ခီကို ဂျီအွန်း အသည်းယားစွာ ပြုံးပြလိုက်ရင်း ပြုတ်ကျခါနီးဆဲဆဲ သူပန်ပေးထားတဲ့ နှင်းဆီပန်းရဲရဲလေးကို နားနောက်ထဲ သေချာပြန်ထည့်ပေးလိုက်တယ် ..
"ဘာတွေ အတွေးလွန်နေတာလဲ ရှန်?"
"အာ .. ဘာမှမဟုတ်ပါဘူး အကို"
"ကင်မ်ဂယူဘင်း အကြောင်းလား?"
"ဗျာ? မ... မဟုတ်ပါဘူး"
သူခိုးလူမိသလိုပုံစံလေး ဖြစ်သွားရှာတဲ့ ရစ်ခီကြောင့် ဂျီအွန်း ခပ်ဟဟ ရယ်မိတော့တယ်..
"ကြည့် ... မလိမ်တတ်ပဲနဲ့ လိမ်နေတယ်"
"ဘယ်လိုသိတာလဲဟင်?"
ဂျီအွန်း ရစ်ခီ့နှာခေါင်းကို အသာသွားတို့လိုက်ရင်း
"မင်းလေးမျက်နှာမှာ အကုန်ပေါ်နေတယ်လေ"
"ကျွန်တော်တောင်းပန်ပါတယ်"
"မတောင်းပန်ပါနဲ့... ကိုယ် အဆင်ပြေပါတယ်"
ဂျီအွန်း ရစ်ခီ့ကို ပြုံးပြနေပေမယ့် စိတ်မကောင်းဖြစ်နေတဲ့ပုံကို မြင်နေရတာမို့ ရစ်ခီ အပြစ်ရှိသလို ခံစားနေမိတယ် ..
တစ်ကယ်တော့ ရစ်ခီ ဂျီအွန်းကို အဖြေပေးခါနီးဆဲဆဲမှာ ဂယူဘင်းရောက်လာခဲ့တာမို့ အခုထိ အဖြေမပေးရသေးဘူး ... ဂယူဘင်းကို အမြင်ကတ်လို့သာ တမင်သက်သက် အဖြေပြန်ပေးလိုက်ပြီ လို့ပြောလိုက်ခြင်းဖြစ်တယ် ..
ဒါပေမယ့် ဂယူဘင်းရဲ့ စိတ်မဖြတ်နိုင်သေးဘူး / ပြန်လာခဲ့ပါ ဆိုတဲ့ စကားတွေက ရစ်ခီ ဂျီအွန်းကို အဖြေပြန်ပေးမယ့် အစီအစဉ်ကို အတော်လေး သက်ရောက်သွားစေတာ အမှန်ပင် ..
"ကင်မ်ဂယူဘင်းက ဘာတဲ့လဲ?"
ဂျီအွန်းဆီမှ အသံထွက်လာတော့ ရစ်ခီ သက်ပြင်းအရင်ချလိုက်မိပြီးမှ ပြန်ပြောလိုက်တယ် ..