"အဖျားကျဆေး ထိုးပေးထားတယ် .. မနက်ကျအဆင်ပြေသွားမှာပါ .. ဆေးကို စားပွဲပေါ်တင်ပေးခဲ့ပြီး ခုတော့ ငါတို့ ပြန်ရအောင်"
"အကို ပြန်နှင့်နော်"
"မင်းကရော"
"ကျွန်တော်က ... အဲ ..."
ဖြေရမလို မဖြေရမလို တွေဝေနေတဲ့ ရစ်ခီ့ကို ကြည့်ရင်း ထယ်ရယ် သက်ပြင်းချလိုက်တယ် ..
"ရစ်ခီ ... သံယောဇဉ်ပြန်ဆက်ချင်နေသေးတာလား? ဒီကောင် မင်းအပေါ် ဘာလုပ်ခဲ့တယ်ဆိုတာ မေ့သွားပြီလား ဟမ်?"
"ဒါပေမယ့် သူက နေမကောင်းနေတာလေ အကို"
"မင်း လွန်ခဲ့တဲ့ ၂ နှစ် , ညဘက်ကြီး အဖျားကြီးနေတဲ့အချိန်တုန်းကတောင် တက္ကသိုလ်က သူငယ်ချင်းတွေနဲ့ party လုပ်နေလို့ ဆိုပြီး ဖုန်းမကိုင်ပဲ ချပစ်ခဲ့တဲ့ကောင်လေ !! "
"......."
"အဲ့နေ့တုန်းက ငါသာ မင်းကို ဖုန်းမဆက်မိရင် မင်းတစ်ယောက်တည်း သတိလစ်ပြီး သေရင်တောင်သေမှန်းသိမှာမဟုတ်ဘူး"
ရစ်ခီ ထယ်ရယ့်စကားတွေကို ခေါင်းအုံ့ကာ နားထောင်နေမိတယ် ... တစ်ကယ်တမ်း စဉ်းစားကြည့်ရင် ဂယူဘင်းက သူ့ကို သိပ်ချစ်ပေးခဲ့သလို သိပ်လဲ ရက်စက်ခဲ့တာပင် ..
"စိတ်နာတတ်စမ်းပါ ရစ်ခီရာ ... ငါလေ အဲ့တည်းက မင်းကို ကွာရှင်းစေချင်ခဲ့တာ .. နောက်ဆုံး ကံကောင်းထောက်မစွာနဲ့ ကွာရှင်းခဲ့ပြန်တော့လဲ အခုထိ မပြီးပြတ်နိုင်သေးဘူး"
"ကျွန်တော်လဲ ဒီညပါပဲ အကို .. မနက် သူအဖျားကျသွားရင် ကျွန်တော်ပြန်မှာပါ .. ခုက သူတစ်ယောက်တည်းဆို တစ်ခုခုဖြစ်သွားမှာစိုးလို့ ..."
"ငါ ... ဟား .. မင်းနဲ့တော့ကွာ!"
ထယ်ရယ်က မခံချိ မခံသာ အသံနဲ့အတူတူ ဆံပင်တွေ ဆွဲဖွရင်း ..
"ငါ သွားတော့မယ် .."
"ဟုတ်အကို .. လာပေးတာ ကျေးဇူးပဲနော် .. "
"လာချင်တာမဟုတ်ဘူး ... မင်းမျက်နှာကြောင့် ရောက်လာတာ .. ငါ့စိတ်နဲ့သာဆို သေပါစေ ပစ်ထားမှာ"
"အကို တိုးတိုးပြောပါ ဂယူဘင်းကြားသွားရင်
..""ကြားပါစေ .. ကြားသင့်တဲ့စကားတွေပဲ .. ဒီထပ်တောင် ပြောလို့ရသေးတယ်"
