"အဖြစ်ကအဲ့ဒါပဲအကို .. အဲ့တော့ ကျွန်တော်သူ့ကို လက်စားပြန်ချေချင်တယ် .."
လက်ကဒဏ်ရာတွေကို ဆေးထည့်ပေးနေတဲ့ အကိုထယ်ရယ် က ချွမ်ရွေ့ရင်ဖွင့်တာကို နားထောင်နေရဲ့လားတောင်မသိ ... သူ့ဘာသူ ဒဏ်ရာကို ပိုးသတ်လိုက် ၊ ဆေးထည့်လိုက် နဲ့ လုပ်နေတာမို့ ချွမ်ရွေ့စိတ်ကောက်ချင်သွားတော့တယ် ..
ဘယ့်နှယ် ..ဒီမှာ ရင်ဖွင့်နေတာလေ .. ဘရိုရေ .. အဖက်လုပ်ပါဦး!
"အကိုထယ်ရယ် တစ်ခုခုပြောပါဦး .. ဒီမှာ ကျွန်တော်က ရင်ဖွင့်နေတာလေ ..."
"ငါက Multi မရဘူးကွ ... တစ်ခုဆို တစ်ခုပဲ အာရုံစိုက်နိုင်တာ .. နေဦး.. ဆေးထည့်ပြီးမှပြော"
ချွမ်ရွေ့ရဲ့ နှုတ်ခမ်းက အရှေ့ကို တစ်တောင်လောက်ထွက်ချင်နေပြီ .. ဒါပေမယ့် အကိုထယ်ရယ်က သူ့ထပ်ကိုပို စိတ်က လက်တစ်ဆစ် .. သူ့ကို သွားစိတ်ကောက်ကြည့် သူက ဆယ်ခါလောက်ပြန်စိတ်ကောက်လိမ့်မယ်...
"ကဲ .. ပြော ..ဘာလဲ "
"ဂယူဘင်းက ရည်းစားရနေတာလို့ ... အဲ့ မိန်းမနဲ့ မနေ့ညက သူ့ခြံရှေ့မှာ နမ်းနေတာကို ကျွန်တော်တွေ့ခဲ့ပါတယ်ဆို .. အဲ့ဒါကြောင့် ဖန်ခွက်လွတ်ကျပြီး အဲ့ဖန်ခွက်ပေါ် လက်ထောက်မိလို့ ဒီဒဏ်ရာရလာတာ"
"အဲ့တော့ မင်းက ဘာဖြစ်ချင်တာလဲ?"
"သူ့ကို လက်စားချေချင်တာ .. အင်း .. လက်စားချေတယ်ဆိုတာထပ် မင်းတောင် ဒီလိုဆိုရင် ငါလဲ ဘာလို့ မလုပ်နိုင်ရမှာလဲ ဆိုတာမျိုး ပြချင်တာ"
"မင်းနဲ့ကင်မ်ဂယူဘင်း က ဘာဆိုင်လို့ မင်းက အရွဲ့တိုက်ချင်ရတာလဲ?"
"ဟောဗျာ .. ကျွန်တော့ယောင်္ကျားလေ"
"အရင်ယောင်္ကျားလေ ... ကွာရှင်းပြီးသားကို မင်းက ဘာတွေ ဖက်တွယ်နေတာလဲ .. သူ့ဘဝသူ ကိုယ့်ဘဝကိုယ် နေရမှာပေါ့"
"မနေနိုင်လို့ပေါ့ .. ကျွန်တော် သူ့ကို ဘယ်လောက် သံယောဇဉ်ရှိလဲဆိုတာ ကျွန်တော်ပဲသိတယ် .. သူကျွန်တော့်ကို ပေးခဲ့တဲ့ ကြင်နာမှုတွေကို တခြားသူတွေဆီ မပေးချင်ဘူး"
"မင်းက အတ္တကြီးနေတာ ချွမ်ရွေ့ ..မင်းက သူ့ကို ပြန်အရွဲ့တိုက်လို့ မင်းဆီပြန်ပါလာမှာလား?"