ဂယူဘင်း , ရစ်ခီ့ကို အတော်လေးနားချပြီး စပျစ်ခြံကနေ မရမက ပြန်ခေါ်လာရတယ် ... မလိုက်ဘူးပဲ ငြင်းနေတဲ့ ကြောင်ပေါက်ကို အတော်လေး ချော့မော့လိုက်ရတာ ဂယူဘင်းမှာ မောပါမောတယ် ..
ငြိမ်ငြိမ်လေး လိုက်လာတဲ့ ရစ်ခီ့ကို ဂယူဘင်းလှည့်ကြည့်ကာ လက်ကို အပေါ်ကဆုပ်ကိုင်လိုက်တော့ ရစ်ခီ အနည်းငယ်တွန့်သွားပေမယ့် မရုန်းလာခဲ့ ...
ဂယူဘင်း သဘောကျစွာ ပြုံးလိုက်ရင်း အပေါ်က ဆုပ်မကိုင်ပဲ လက်ကို သေချာတွဲလိုက်တော့ ရစ်ခီက မျက်စောင်းထိုးကြည့်လာလေသည် ..
"တော်ရုံပဲ အသားယူစမ်း ဂယူဘင်း"
"လက်လေးပဲ ကိုင်တာကို သဲလေးကလည်း"
"မင်းကြီးတော်ကို သဲလေး.. မခေါ်နဲ့ အဲ့လိုတွေ"
"မရဘူး ခေါ်မှာပဲ သဲလေး .. အူကြူးလေး ... ပူတူတူးလေး"
"အရူးကောင်"
ဆက်ပြောနေလဲ အပိုပဲ ဆိုတာ သိသွားတဲ့ ရစ်ခီက ဂယူဘင်းကို ဥပက္ခာပြုလိုက်ရင်း မျက်လုံးတွေ မှိတ်ထားလိုက်တယ် ..
တစ်ကယ်တမ်းပြောရရင် ရစ်ခီ ဆိုးလ်ကို မပြန်ချင်ဘူး .. အာရုံတွေမနောက်ချင်ဘူး... အမေဖုန်းဆက်ပြီး ပြောပြလို့ အိမ်ရှေ့မှာ နေ့တိုင်း ဂျီအွန်းလာလာစောင့်နေတယ်ဆိုတာ သိနေတာကြောင့် အခုပြန်ရင် ဂျီအွန်းနဲ့တွေ့မှာ အသေအချာကို သိနေသည် ..
တစ်ကယ်လဲ အိမ်ရှေ့ရောက်တဲ့အချိန် ဂျီအွန်းကားကို မြင်လိုက်ရတာမို့ ရစ်ခီ သက်ပြင်းချမိတော့ ဂယူဘင်းက ပုခုံးကို ဖွဖွပုတ်ရင်းပြောလာသည်
"တွေ့လိုက်ပါ ... မဟုတ်လဲ ရှောင်လွှဲလို့မှမရတာ .. ပြီးတော့ သူက နေ့တိုင်းလာစောင့်ရှာတာ .. မင်းထွက်သွားပြီးတည်းကပဲ"
ရစ်ခီ ခေါင်းငြိမ့်ပြတော့ ဂယူဘင်းက 'လိမ္မာတယ်' ဟုဆိုကာ လက်ဖမိုးကို ဖျက်ခနဲ နမ်းလိုက်သည် ...
"သူ့ဆီမှာ ပြန်မပါသွားနဲ့နော် ရစ်ခ် ..."
"လျှာရှည်လိုက်တာ မင်း!"
ပြောပြီးတာနဲ့ ကားပေါ်က ဆင်းသွားတဲ့ ရစ်ခီကိုကြည့်ရင်း ဂယူဘင်း ရယ် လိုက်ကာ ကားပေါ်မှာသာ ထိုင်စောင့်နေလိုက်သည်။
