"ဒုန်း ဒုန်း ဒုန်း"
အဆက်မပြတ်ထုလာတဲ့ တံခါးသံကြောင့် မီရာ ရောက်လာမှန်း ဂယူဘင်း အလိုလိုသိလိုက်တယ် ..
ဂယူဘင်း တံခါးဖွင့်လိုက်တော့ ထင်တဲ့အတိုင်း မီရာ ... အခန်းထဲ ဝုန်းဒိုင်းကြဲဝင်လာပြီး ဂယူဘင်း ကို လက်နှစ်ဖက်ကို ကိုင်လှုပ်ကာ တုန်လှုပ်စွာ မေးလာတယ်..
"ခုနက စာက ဘာအဓိပ္ပါယ်လဲ ကိုကို... ဘာကိစ္စ လမ်းခွဲမယ်ပြောတာလဲ .. ဘာလို့လဲ? ခုနက ကိစ္စကြောင့်လား? အဲ့ဒါကြောင့်ဆိုရင်တော့ မီရာ ကိုကို့ကို တောင်းပန်ပါတယ် ... မီရာ ကလေးအတွေးဖြစ်သွား..."
"အဲ့ကိစ္စကြောင့်လဲ တစ်စိတ်တစ်ပိုင်းပါတယ်ဆိုပေမယ့် တစ်ခါတည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ရစ်ခီ့ကို ကိုယ်အခုထိ လက်မလွှတ်နိုင်သေးလို့ သူ့ကို ပြန်ရအောင် လုပ်မှာမို့ မင်းကို လမ်းခွဲလိုက်တာ"
ဂယူဘင်း လက်တွေကို ကိုင်လှုပ်နေတဲ့ မီရာ့လက်တွေက တုန်ယင်ပြီး လွှတ်ချလိုက်တယ် ..
"ကိုကို ပြောတော့ မီရာ့ကို ချစ်တယ်ဆို?"
မျက်ရည်အဝိုင်းသားနဲ့ မီရာကို သက်ပြင်းချကာ ကြည့်လိုက်ရင်း ဂယူဘင်း မျက်ရည်သုတ်ပေးလိုက်တယ် ..
"ကိုယ် မင်းကို ချစ်ပါတယ် မီရာ.... ဒါပေမယ့် မင်းထပ်ကို ပိုပြီး ရစ်ခီ့ကို ချစ်တယ် .. ရစ်ခီ့ကို လက်လွှတ်အဆုံးရှုံးမခံနိုင်လောက်တဲ့ထိကို ချစ်တာ"
"အဲ့လိုပြောရကြေးဆို မီရာလဲ ကိုကို့ကို အဆုံးရှူံမခံနိုင်ဘူးလေ ကိုကို .. မီရာ့ဘက်ကိုလဲ ကြည့်ပါဦး"
"မီရာ့ဘက်ကို ကြည့်လို့ လမ်းခွဲဖို့ပြောတာပေါ့... မဟုတ်ရင် တစ်သက်လုံး တစ်ခြားတစ်ယောက်ကို မျှော်လင့်နေမယ့် ယောင်္ကျားကို မီရာက လက်ထပ်မို့လား? အဲ့ခါကျ မီရာ စိတ်သောက ပိုရောက်ရမှာ .. ကိုယ် ဒီလိုတွေ မဖြစ်ချင်ဘူး .. ကိုယ်ကိုယ်တိုင်လဲ ရစ်ခီ့ကို ပြန်လိုက်ဖို့ စဉ်းစားပြီးသွားပြီမို့ ဒီလောက်နဲ့ပဲ လမ်းခွဲကြတာပေါ့"
"မဟုတ်ဘူး ကိုကို ... မီရာ လမ်းမခွဲပေးနိုင်ဘူး ... ကိုကိုသာ ရစ်ခီရှန်နဲ့ အနေပြန်ဝေးသွားရင် ရစ်ခီရှန့်ကို ပြန်မေ့သွားမှာပါ ... မီရာ ပြောရဲတယ် ... အရင်ကလဲ အဲ့လိုနေခဲ့တာပဲလေ .... နော် .."