ဂယူဘင်းနဲ့ ကွာရှင်းပြီးတာ 2 လတောင်ကြာသွားခဲ့ပြီ ...
ဒီအိမ်လေးထဲမှာ ဘယ်နေရာ ဘယ်လိုကြည့်ကြည့် အရင်က အမှတ်တရတွေက အပြည့် ...
အိမ်ရှေ့ခန်းမှာ , မီးဖိုချောင်မှာ , စာကြည့်ခန်းမှာ , အိပ်ခန်းမှာ ..... ဘယ်နေရာမှမလွတ် ..
ပြောရရင် ဂယူဘင်း က ရစ်ခီ့ကို ချစ်တယ် လို့ တစ်ခါမှမပြောဖူးပေမယ့် ရစ်ခီ့အပေါ်တော့ ဘယ်လောက်ချစ်တယ်ဆိုတဲ့ အမူအရာတွေတော့ ခနခန ပြခဲ့ပါတယ်...
လမ်းမှာ လက်တွဲသွားရင် လူတွေအမြင်ေကြာင့် ရစ်ခီက ရှက်ပေမယ့် ဂယူဘင်းက မရှက် .. စိုက်ကြည့်နေတဲ့ သူတွေကိုတောင် 'အဲ့လောက်ကြည့်ချင်ရင် ဒါပါကြည့်' ဆိုပြီး ရစ်ခီ့ နှုတ်ခမ်းကို လာလာနမ်းတတ်တယ် .. အဲ့အချိန်ကျ ပျက်ယွင်းသွားတဲ့ တစ်ဖက်လူတွေ မျက်နှာကို သူက ပြန်လှောင်သေးတာ ...
"လူတွေက တစ်ခုခုဆို ပြောဖို့လောက်ပဲ သိကြတယ် ... လူလူချင်း တွဲကြတာမှာ မိန်းမ ယောင်္ကျား ခွဲနေစရာလိုသေးလို့လား?"
ရစ်ခီက ပြုံးပြုံးလေး ပြန်ကြည့်မိရင် ဂယူဘင်းက ရစ်ခီ့ပါးနှစ်ဖက်ကို လက်နဲ့အုပ်ကိုင်ရင်း ပြောလာလိမ့်မယ် ...
"ဟား ... ကင်မ်ရစ်ခီ .. မင်းက သောက်ရမ်းချစ်ဖို့ကောင်းတယ်" ဟူ၍..
ဂယူဘင်းက သူကသာ ရစ်ခီ့ကို ချစ်တယ်မပြောတာ ... ရစ်ခီ့ကိုကျတော့ အမြဲလိုလို မေးတတ်တယ် .. သူ့ကို ချစ်လား ဆိုပြီး .. ထိုအခါတိုင်းမှာ ရစ်ခီပြန်ဖြေနေကြ စကားလေးတစ်ခွန်းတည်း...
"ငါမင်းကို မချစ်ရင် မင်းခိုးရာနောက်တောင် လိုက်ခဲ့မှာမဟုတ်ဘူး" ဆိုပြီးလေ ။
မနက်ဆို အိပ်ရာထနောက်ကျတတ်တဲ့ ဂယူဘင်းကို နှိုးရင် တစ်ခေါက်နမ်းရတယ် , သူမျက်နှာသစ်ပြီး ထွက်လာချိန်ကျ ရစ်ခီက မီးဖိုချောင်ထဲ စားသောက်ဖို့ တစ်ခုခု လုပ်နေလေလျှင် ခါးကို ဖက်ကာ ပုခုံးကို မှီရင်မှီ ၊ မဟုတ်ရင် လည်ပင်းကို လိုက်နမ်းတတ်တယ် ..
အင်း .. လည်ပင်းနမ်းရင် ဂယူဘင်း စိတ်ပါလာရင်တော့ လုပ်လက်စ အလုပ်တွေအကုန်ချပြီး ဂယူဘင်း စေရာလိုက်ရတာပေါ့ ...