"ကိုကို"
ဂျီအွန်း စာအုပ်ဖတ်နေရာကနေ လှမ်းခေါ်သံကြောင့် လှမ်းကြည့်ရာ မတ်သျူး သူ့ဆီပြေးလာတာမြင်တာမို့ ပြုံးရင်း စောင့်နေလိုက်သည် ..
မတ်သျူး အမက ဂျီအွန်းနဲ့ အတန်းဖော်ဖြစ်သည့်အလျောက် မတ်သျူးအမရဲ့ တောင်းဆိုမှုကြောင့် မွေးတည်းက နိုင်ငံခြားမှာသာကြီးပြင်းခဲ့တဲ့ မတ်သျူးကို ကိုရီးယားစာ သင်ပေးဖြစ်ခဲ့သည်..
ခုတော့ ဒီကလေးလေးက သူ့မျက်စိရှေ့တင် အရွယ်ရောက်လာပြီး ကိုရီးယားလိုလဲ အတော်ပင် မွတ်နေပြီဖြစ်သည် .. အလိုလိုက်ခံထားရလို့ ဂျစ်တိုက်တတ်တာကြောင့် တစ်ခါတလေ မတ်သျူးကို ညီလေးအရင်းလို သွန်သင်ဆုံးမပေးသည်..
"ဖြေးဖြေးလာလဲ ရပါတယ် မတ်သျူးရယ် .. ကိုကိုယ် ထွက်မပြေးပါဘူး"
အနားရောက်မှ ဟောဟဲလိုက်နေတဲ့ မတ်သျူးကို ဂျီအွန်း ရေတစ်ခွက် ကမ်းပေးတော့ မတ်သျူးက မြန်မြန်ဆန်ဆန်ပဲ ရေကို မော့ချလေသည် ..
"ဖြေးဖြေးသောက်လေ .. ရေသီးကုန်မှဖြင့်"
"ကိုကိုက အရမ်းပွားတာပဲ ..ဒီမှာဖြင့် ကိုကို့ကို တွေ့ချင်လို့ ပြေးလာတာကို"
"အေးပါ ဟုတ်ပါပြီ .. ကိုယ် မှားတာပါ"
ရယ်မောကာ ပြောတော့ မတ်သျူးက မျက်စောင်းထိုးကြည့်လာလေသည် ..
"စိတ်ထဲက မပါမှန်း အရမ်းသိသာတာနော် ဟွန်း"
"ဟောဗျာ .. ကျွန်တော်မျိုး တောင်းလဲပန်ရသေးတယ် .. စိတ်လဲ အကောက်ခံရသေးတာနော်"
"မရဘူး .. မွေးနေ့ရှင်ကို ပျော်အောင်ထားရမယ်လေ ကိုကို"
"ဟာ ... ဟုတ်သားပဲ .. ဒီနေ့ မတ်သျူးလေးမွေးနေ့ပဲ"
"တွေ့လား ... ကိုကိုက မတ်သျူးကိုဆို အလေးကို မထားဘူး .. မတ်သျူးကျ ကိုကို့မွေးနေ့မှတ်မိရတယ်"
"တောင်းပန်ပါတယ် ကလေးလေးရယ် .. ကိုယ်က ဒီရက်ပိုင်း အလုပ်နည်းနည်းများနေလို့ ရက်တွေတောင် ခေါင်းထဲသေချာမထည့်မိလို့ပါ"
"လက်ဆောင်ကောင်းကောင်းပေးရင် စိတ်ဆိုးပြေမယ်"
"မတ်သျူးက ဘာလိုချင်လို့လဲ?"