"မင်္ဂလာပါ ... ကင်မ်ဂျီအွန်းနဲ့ လက်ထပ်မယ့် ဆော့မတ်သျူးပါ"
ရစ်ခီမျက်မှောင်ကြုံလိုက်မိသည်.
"ဘာတွေပြောနေတာလဲ? အဓိပ္ပါယ်မရှိတာတွေ ပြောဖို့ဆို ပြန်လိုက်ပါ"
"ဟော .. ကျွန်တော်ပြောတာ မယုံဘူးပဲ ... ဒါပေါ့ ဒါပေါ့ .. မယုံနိုင်စရာဖြစ်နိုင်တာပေါ့ .. ဒါပေမယ့် ဘယ်လိုလုပ်ရပါ့မလဲ .. ဒါက တစ်ကယ်ပဲ"
မတ်သျူး သူ့မွေးနေ့က ဂျီအွန်းသူ့ကို ဟင်းချက်ကျွေးနေတုန်း သူရိုက်ထားတဲ့ video ကို ရစ်ခီ့ကို ဖွင့်ပြလာသည် ...
"ကြည့်ပါလား လိမ်တာမဟုတ်ဘူး"
Video ထဲမှာ ဟင်းချက်နေတဲ့ ဂျီအွန်းကို အနောက်သွားစနေတဲ့ မတ်သျူးနဲ့ ရယ်မောကာ စကားတွေ ပြန်ပြောနေသော ဂျီအွန်း ...
"ကြည့်ရတာ အရင်ရည်းစားဟောင်းဖြစ်ပုံပဲ... ဒါပေမယ့် အကိုဂျီအွန်းရဲ့ အတိတ်က ဇာတ်လမ်းတွေ ကျွန်တော် စိတ်မဝင်စားဘူး .. ဒါဆို ကျွန်တော် အလုပ်ရှုပ်နေလို့ ဒိလောက်နဲ့ပဲ ပြန်ပါတော့"
"ကျွန်တော်က ရည်းစားဟောင်းမဟုတ်ဘူး ... ကင်မ်ဂျီအွန်းနဲ့ လက်ထပ်မယ့်သူပါလို့ သေချာပြောလိုက်တယ်ထင်တာပဲ"
မျက်နှာတွေနီရဲကာ ဒေါသတွေ ထွက်နေတဲ့ ရစ်ခီ့ကို ကြည့်ပြီး မတ်သျူးဟာ အော်ရယ်လာသည် ..
"ဟေး bro .. စိတ်လျှော့ပါ .. ရန်ဖြစ်ရတာ ကျွန်တော့စတိုင်မဟုတ်ဘူး .. ကျွန်တော်က ခင်ဗျားကို ကင်မ်ဂျီအွန်းက လက်ထပ်မယ့်သူရှိရက်သားနဲ့ ခင်ဗျားကို တွဲနေတာဆိုတာကို အသိပေးရုံပဲ... စဉ်းစားကြည့်ရင် ကျွန်တော့ကို ကျေးဇူးတင်သင့်တာနော်"
ရစ်ခီအမှန်တိုင်းပြောရရင် ငိုချလိုက်ချင်နေပြီ ...ဂယူဘင်းကြောင့် အချစ်မှာ trust Issue အရမ်းမြင့်သွားတဲ့ ရစ်ခီဟာ ဒီတစ်ခါတော့ ဂျီအွန်းက ဖောက်ပြန်မယ့်သူလဲမဟုတ်ပါဘူးဆိုပြီး ကိုယ့် trust Issue တွေကို လျှော့ချပစ်ရင်း ယုံယုံကြည်ကြည်နဲ့ တွေးထားခဲ့တာ ... အခုထပ်ပြီး ယုံကြည်မှုကို ရိုက်ချိုးခံရပြန်ပြီ..
တစ်ကယ်တော့ ဂျီအွန်းက ရစ်ခီ့ကို ဖောက်ပြန်တာ မဟုတ်ပဲ ရစ်ခီက ဖောက်ပြန်တဲ့လူနဲ့ တွဲခဲ့မိတဲ့ ဒုတိယလူဖြစ်ခဲ့တာပဲ..
