Episode-2

169 17 0
                                    

[Unicode]

"နောက်ကျလိုက်တာကွာ။ ငါကမင်းလမ်းမှာတခုခုဖြစ်နေပြီထင်နေတာ"

လျှောက်လှမ်းအားအဓိပ္ပါယ်မဲ့စွာစိုက်ကြည့်ရင်း ဖြည်းငြင်းစွာလျှောက်လာသည့်သူ့အား လှမ်း၍အပြစ်တင်သံကြားလိုက်တော့ သူမော့ကြည့်လိုက်ပါသည်။

ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ထည့်ရင်း ဟန်ပါပါစိုက်ကြည့်နေကာ မြင်သမျှသူနှစ်ခါပြန်ငေးစေရသည့်ြီပီးပြည့်စုံသည့်ရုပ်ရည်၊အရှိန်အဝါတို့နှင့် သူငယ်ချင်းဖြစ်သူPark Sunghoon။

သူအသာသာပြုံးပြလိုက်သည်။

"sorry...ရောက်နေတာကြာပြီလား"

"ကြာပြီပေါ့ကွ...နာရီလည်းကြည့်ဦးလေ"

"sorry...sorry"

သူလေသံလေးနှင့်ပဲ ထပ်မံတောင်းပန်လိုက်တော့ သူစိတ်ညစ်နေသည်အားရိပ်မိသွားသည့်အလား မျက်နှာကြောလျှော့သွားသည့်သူ့သူငယ်ချင်း။

"လာ...သွားစို့"

သူ့အနားလာ၍ပခုံးအားဖက်ကာ အားပေးဟန်တချက်နှစ်ချက်ပုတ်လျက် ခေါ်သွားပါသောသူငယ်ချင်းဖြစ်သူအား Ni-Kiလှည့်ကြည့်ရင်း အသာပြုံးလိုက်မိတော့သည်။

ဘာပဲပြောပြော သူငယ်ချင်းကောင်းတယောက်တော့ သူ့မှာရှိနေတာပဲ။

"နေပါဦး...မင်းကဘာလို့ကြာနေတာလဲ"

"လမ်းမှာငါးပေါင်မုန့်ဝင်ဝယ်နေလို့"

"အော်..."

Ni-Kiသည်လိုအပ်တာထက်ပိုမပြောခဲ့သလို Sunghoonသည်လည်း ဒီထက်ပိုမမေးခဲ့။

နှစ်ယောက်သားရောက်တက်ရာရာပြောရင်း တနေရာအရောက်တွင်တော့ ခြေလှမ်းများပြိုင်တူရပ်လိုက်ကြသည်။

သူတို့ရှေ့တွင်တော့ ခန့်ညားလှသည့်ဆိုင်းဘုတ်ကြီးက "Nishimura Hospital" တဲ့။

Ni-Kiသက်ပြင်းသာအခါခါချရင်း နောက်လှည့်ပြေးချင်စိတ်ကို အတတ်နိုင်ဆုံးကြိုးစားထိန်းနေမိတော့သည်။ ထိုအခါ သူ့စိတ်အားသိနေသည့်အလား Sunghoonလည်းလှည့်ကြည့်ကာ အားပေးလာပါသည်။

"ဒါကအခုမဟုတ်တောင် အနာဂတ်မှာကြုံတွေ့ရမဲ့အရာပဲ။ မင်းရောငါရောက နောက်ဆုံးနှစ်ဆေးကျောင်းသားတွေ။ ငါတို့ကျောင်းပြီးရင် ဆေးရုံမှာလုပ်ရမယ်ဆိုတာ ဘယ်လိုမှရှောင်လွှဲလို့မရဘူးဆိုတာ မင်းလည်းသိတယ်မှတ်လား"

Till we meet againWhere stories live. Discover now