Episode-11

87 11 0
                                    

[Unicode]

ရှေ့တွင်ချထားသောခေါက်ဆွဲအားတူနှင့်ထိုးဆွနေကာ မမြင်ဖူးသည့်အရာကဲ့သို့ တစိမ့်စိမ့်ထိုင်ကြည့်နေသောNi-Ki။ ခေါက်ဆွဲများပွလာသည့်တိုင် သူ့တွင်စားမည့်ဟန်တစက်မှမရှိသေး။

မျက်နှာချင်းဆိုင်တွင် နေ့လည်စာစားနေပါသောSunghoonလည်း Ni-Kiအားကြည့်ကာစားမဝင်တော့။ ပုံမှန်ကတည်းက စကားနည်းသောသူတို့နှစ်ယောက်သည် ဒီနေ့တော့ယခင်ကထက် ပို၍တိတ်ဆိတ်နေလေသည်။

ကြာလာတော့Sunghoonသည်းမခံနိုင်တော့။

"Ni-Ki"

စကားပြောချင်စရာတစက်မှမရှိသောလေထုကြီးအား သူကပဲစတင်ဖြိုခွဲလိုက်ပါသည်။ တခါခေါ်သည်တောင်မရ၍ နှစ်ခါထပ်ခေါ်ရသေးသည်။

ထိုအခါမှ Ni-Kiတယောက် အတွေးကမ္ဘာထဲမှပြန်ရောက်လာဟန် ပြူးပျာ၍မော့ကြည့်လာလေသည်။

"ဟ...ဟင်...ဘာလဲSunghoon"

"မင်းခေါက်ဆွဲမစားရင်လည်း ပြန်သိမ်းခိုင်းလိုက်တော့။ ကြည့်နေရတဲ့ငါကစားမဝင်တော့ဘူး"

ထိုအခါမှ Ni-Kiလည်းအောက်သို့ငုံ့ကြည့်ပြီး ပုံပျက်ပန်းပျက်သူ့ခေါက်ဆွဲအား သတိထားမိသွားသည်။

"အာ...sorryပဲ...ငါအတွေးလွန်သွားလို့။ ခဏ"

Ni-Kiခေါက်ဆွဲပန်းကန်အားယူ၍ထသွားကာ မကြာလိုက်colaတဗူးကိုင်၍ ပြန်ရောက်လာပါသည်။

"မင်းဘာမှမစားတော့ဘူးလား"

"အင်း...စားချင်စိတ်မရှိဘူး"

ဘာဖြစ်လို့လဲဟုမေးရအောင်ကလည်း ဖြစ်နေသည့်အကြောင်းရင်းအား Sunghoonသိပြီးသား။ ထို့ကြောင့် ကွေ့ဝိုက်မနေတော့ပါပဲ တည့်ပဲရှင်းရန်ဆုံးဖြတ်လိုက်တော့သည်။

"အခုမင်းဘာဆက်လုပ်မယ်စဉ်းစားလဲ"

Sunghoonအမေးအဆုံး၌ SunghoonအားNi-Kiတချက်မော့ကြည့်လာသော်ငြား ဘာကိုလဲဟုပြန်တော့မမေးခဲ့။ Sunghoonဆိုလိုချင်သည်ကိုလည်း Ni-Kiနားလည်နေပြီးဖြစ်သည်။

ထို့ကြောင့် သက်ပြင်းတချက်သာအသာချလာလေသည်။

"ငါအများကြီးစဉ်းစားခဲ့တယ်။ တနေ့လုံးတညလုံးရက်ပေါင်းများစွာ စဉ်းစားခဲ့ပြီး ငါနောက်ဆုံးတော့အဖြေတခုကိုရခဲ့တယ်Sunghoon"

Till we meet againWhere stories live. Discover now