[Unicode]
"နောက်ဆုံးတော့လည်း ငါပြန်ရောက်လာတာပဲ"
မျက်စိရှေ့မြင်နေရသော 'Nishimura Hospital'ဆိုသည့်ဆိုင်းဘုတ်ကြီးရှေ့ရပ်လိုက်ရင်း Ni-Kiအသာရေရွတ်လိုက်မိသည်။
ပထမအခေါက်နှင့်ခြားနားစွာပင် ဒီတကြိမ်တွင်တော့စိတ်တို့ပေါ့ပါးနေသည်မှာ အထဲတွင်သူ့အားစောင့်နေသည့်Lee Heeseungရှိ၍ပဲလား။ မကြိုက်မနှစ်သက်သည့်နေရာအား လာရသည်တောင်ပဲ ယခင်ကလိုသူ့တွင်နောက်ကျိနေသည့်စိတ်များမရှိ၊ သူ့စိတ်အစဉ်သည်ကြည်လင်နေတော့သည်။
ထို့နောက် အချိန်ဆွဲမနေတော့ပါပဲ ဆေးရုံဝင်းထဲသို့သူစတင်ဝင်ရောက်လိုက်ပါတော့သည်။ သူ့ခြေလှမ်းတို့က Heeseungအခန်းရှိရာသို့တည့်မတ်စွာပင်။ အခန်းရှေ့ရောက်သွားလေတော့လည်း သူနှောင့်နှေးမှုကင်းစွာပင် တံခါးအားဆွဲဖွင့်လိုက်ပါသည်။
ကုတင်ပေါ်ထိုင်လျက် အပြင်အားငေးနေသောHeeseungသည် အသံကြားရာလှည့်ကြည့်ရာမှ သူ့အားမြင်လေသော် မပြောင်းလဲစွာအတောက်ပဆုံးပြုံးပြလာတော့သည်။
"Ni-Ki...မင်းရောက်လာပြီလား"
"အင်း...ဒီမယ် မင်းကြိုက်တဲ့ငါးပေါင်မုန့်ဝယ်လာတယ်"
"မင်းလည်းကြိုက်ပါတယ်ကွာ"
"ဒါကြောင့်နှစ်ယောက်စာဝယ်လာတာလေ"
Ni-Kiစကားအဆုံး၌ သူတို့နှစ်ယောက်လုံးပေါ့ပါးစွာပင် ရီလိုက်မိကြတော့သည်။
"မင်းခုနကဘာတွေငေးနေတာလဲ"
Heeseungကုတင်ဘေးရှိခုံတွင်ဝင်ထိုင်ရင်း Ni-Kiမေးလိုက်မိသည်။ Heeseungအခန်းမှကြည့်လျှင် အပင်များမှလွဲ၍ မည်သည်ကိုမှသေချာမမြင်နိုင်ကြောင်း သူသိနေလေတော့ Heeseungဘာကိုစိတ်ဝင်တစားကြည့်နေသည်မှန်း သူသိချင်ပါသည်။
"ပြတင်းပေါက်အပြင်ဘက်ကဆာကူရာပင်ကိုကြည့်နေတာ"
"ပန်းမပွင့်သေးဘူးမဟုတ်လား"
"အင်း...ဒါပင်မဲ့ ပန်းပွင့်တာကိုငါမြင်ရတော့မှာမဟုတ်ဘူးလေ။ ဒါကြောင့် အပင်ကိုကြည့်ပြီး အဲ့အပင်ပေါ်မှာပွင့်လာမဲ့ပန်းတွေကိုပုံဖော်ကြည့်နေတာ။ အရမ်းလှမှာနော်"
YOU ARE READING
Till we meet again
Romance[Unicode]ဆုံစည်းခဲ့တာကံကြမ္မာကြောင့်ဆိုရင် ခွဲခွာခဲ့ရတာကရော်ကံကြမ္မာကြောင့်ပဲလား?? ဆုံစည်းစေလိုက်၊ ခွဲခွာစေလိုက်နဲ့. အဲ့ကံကြမ္မာဆိုတဲ့အရာကဘာများအလိုရှိနေတာလဲ!! [Zawgyi]ဆုံစည်းခဲ့တာကံကြမ္မာကြောင့်ဆိုရင် ခွဲခွာခဲ့ရတာကရော်ကံကြမ္မာကြောင့်ပဲလား?? ဆုံစည်းစေ...