Episode-10

90 9 0
                                    

[Unicode]

ပူပြင်းသောနေရောင်အောက်၌ ပြာပန်းခတ်သွားလာလှုပ်ရှားနေကြသောလူအုပ်ကြီး။

ထိုဦးတည်ချက်များစွာသို့သွားလာလှုပ်ရှားနေသောလူအုပ်ထဲ နေရာ၌သာကျောက်ချထားသကဲ့သို့ တုတ်တုတ်မျှမလှုပ်ပါပဲရပ်နေကြသောလူသားနှစ်ဦး။ တယောက်နှင့်တယောက်လည်း မျက်နှာချင်းဆိုင်လျက် စူးစိုက်ကြည့်နေသည်မှာ မျက်တောင်တောင်မခပ်စတမ်းပင်။

မပူဘူးလားဟုမေးလျှင်ပူပါသည်။
မျက်စိများမနာဘူးလားဟုမေးလျှင်လည်းနာပါသည်။
သို့သော် အကြည့်လွှဲလိုက်လျှင် ရှုံးသွားမည်အားစိုးရိမ်မိ၍ နှစ်ယောက်စလုံးကြံ့ကြံ့ခံရပ်နေမိဆဲ၊ကြည့်နေမိဆဲ။

ချိန်းဆိုထားလျှင်တောင်လွဲနိုင်သည့်ဤနေရာကြီးထဲ မချိန်းမဆိုပါပဲတိုက်တိုက်ဆိုင်ဆိုင်လာတွေ့နေသော သူတို့နှစ်ယောက်သည် မသိလျှင်ကံကြမ္မာကဖန်တီးပေးထားသောရန်ဘက်များအလား။

နောက်ဆုံးတခေါက် အမှန်ပြောရလျှင် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းလည်းဖြစ်သော ထိုနောက်ဆုံးတွေ့ဆုံခဲ့စဉ်က နှစ်ယောက်ကြားမပြေလည်မှုလေးတွေရှိခဲ့လေတော့ ယခုအကြိမ်တွင်လည်း ဘယ်သူ့ဘက်မှထုတ်ပြောသည်မရှိပါပဲ တရားမဝင်unofficalပြိုင်ပွဲလေးက ဖြစ်ပေါ်လာခဲ့သည်လေ။

အချိန်တခုကြာလာလေတော့ သည်းခံနိုင်စွမ်းတို့သည်လည်း စိုးရိမ်ရေမှတ်အား တဖြည်းဖြည်းကျော်ကျော်လာခဲ့ရာ နောက်ဆုံးတွင်တော့ မခံနိုင်တော့စွာမျက်တောင်ခပ်လိုက်ပြီး အရင်အကြည့်လွှဲလိုက်မိသူကSunghoon။ ထိုအခါ တဖက်မှလည်းအောင်ပွဲခံအပြုံးလေးပြုံးလိုက်မိသူကSunoo။

ထိုသည်အားမြင်လိုက်တော့ Sunghoonမကျေနပ်စွာပြောမိတော့သည်။

"ဟေ့ကောင် မင်းအဲ့လိုပြုံးမနေနဲ့။ ငါ့မျက်လုံးထဲဖုန်ဝင်သွားလို့ ငါမျက်တောင်ခပ်လိုက်မိတာကွ"

"ဟော...မင်းကိုရောငါကဘာပြောနေလို့လဲ"

Sunooအေးအေးသက်သာစွာပင်ပြန်ပြောလာတော့ Sunghoonငြင်းရခက်၊ပြန်ပြောရခက်နှင့် သိသိကြီးနှင့်ပဲခံလိုက်ရပါသည်။

Till we meet againWhere stories live. Discover now