[Unicode]
ထိုင်ခုံတွင်ထိုင်လျက်စာဖတ်နေရင်းမှ အညောင်းအညာဆန့်ရင်း ပြတင်းပေါက်အပြင်သို့အကြည့်ရောက်သွားမိတော့ မြင်လိုက်ရသည်ကဖြူလွလွနှင်းပွင့်လေးများ။
"နှင်းကျနေတာလား။ Woww...ဒီနှစ်ရဲ့ပထမဆုံးနှင်းပဲ"
Ni-Kiစိတ်လှုပ်ရှားစွာပင် ထိုင်ရာမှထ၍ ပြတင်းပေါက်အနားသွားကြည့်လိုက်သည်။ အအေးဓာတ်ပိုလာသည်မှန်းသတိထားမိသော်ငြား ဤကဲ့သို့စောစီးစွာနှင်းကျလိမ့်မည်ဟု ထင်မထားခဲ့။
ဖြူလွလွနှင်းပွင့်လေးများအားNi-Ki့အလွန်သဘောကျပါသည်။ ထို့ကြောင့် ပြတင်းတံခါးအားဖွင့်ကာ အပြင်ဘက်သို့လက်ဆန့်တန်းထုတ်လိုက်တော့ လက်ဖဝါးပေါ်ကျလာကာအရည်ပျော်သွားပါသောနှင်းပွင့်တချို့။
Ni-Kiအသံထွက်၍ပင်ရီလိုက်မိသည်။
ထိုစဉ် သူ့အနောက်မှလူးလွန့်သည့်အသံကြားလိုက်ရသောကြောင့် လှည့်ကြည့်မိတော့ ကုတင်ပေါ်မှHeeseungသည်နိုးနေကာ သူရှိရာလှမ်းကြည့်နေသည်ကိုတွေ့လိုက်ရသည်။
"Heeseungနိုးပြီလား"
မသိမသာလေးငိုက်ကျသွားသောခေါင်းလေး၊ ခေါင်းငြိမ့်ပြသည့်သဘောပင်။
"နှင်းကျနေတယ်။ ဒီနှစ်အတွက်ပထမဆုံးနှင်းပဲ"
Ni-Kiအပြုံးလေးနှင့်ပြောလိုက်ရင်း ပြတင်းပေါက်ဆီမှဖယ်ပေးလိုက်တော့ Heeseungအကြည့်တို့ကအပြင်ကိုရောက်သွားပါသည်။ လှပစွာတဖွဲဖွဲကျနေသောနှင်းတို့အားမြင်လေတော့ နှုတ်ခမ်းလေးကမသိမသာလေးကော့တက်သွားသည်။
Heeseungလည်းနှင်းပွင့်လေးများအား သဘောကျသည်ထင်။
Ni-Kiကြည်နူးစွာပြုံးလိုက်ပြီး Heeseungအနားသွားထိုင်လိုက်သည်။
"နှင်းပထမဆုံးကျတဲ့အချိန်မှာဆုတောင်းရင်ဆုတောင်းပြည့်တယ်တဲ့။ မင်းဘာဆုတောင်းချင်လဲ"
Ni-Kiမေးလိုက်သော်ငြား အဖြေကိုတော့ပြန်မျှော်လင့်မထားခဲ့။ Heeseungတယောက် စကားကောင်းကောင်းမပြောနိုင်ဖြစ်နေသည်မှာ ရက်အတော်ကြာပြီဖြစ်သည်လေ။
သို့သော် နေ့စဉ်အဖြေပြန်မလာသည့်မေးခွန်းများအား Ni-Kiမေးနေမိဆဲ။ နေ့စဉ်HeeseungအားNi-Kiစကားများပြောနေမိဆဲ။ သူ့အပြောတို့ကိုလည်း Heeseungသည်သေးငယ်သောအမူအရာလေးများဖြင့် ကောင်းကောင်းပြန်တုန့်ပြန်နေကြောင်းသူသိပါသည်။
YOU ARE READING
Till we meet again
Romance[Unicode]ဆုံစည်းခဲ့တာကံကြမ္မာကြောင့်ဆိုရင် ခွဲခွာခဲ့ရတာကရော်ကံကြမ္မာကြောင့်ပဲလား?? ဆုံစည်းစေလိုက်၊ ခွဲခွာစေလိုက်နဲ့. အဲ့ကံကြမ္မာဆိုတဲ့အရာကဘာများအလိုရှိနေတာလဲ!! [Zawgyi]ဆုံစည်းခဲ့တာကံကြမ္မာကြောင့်ဆိုရင် ခွဲခွာခဲ့ရတာကရော်ကံကြမ္မာကြောင့်ပဲလား?? ဆုံစည်းစေ...