Episode-4

117 21 0
                                    

[Unicode]

"အဲ့တော့မင်းတို့နှစ်ယောက်လုံးကဆေးကျောင်းသားတွေပေါ့...မိုက်လိုက်တာ"

"အဲ့လောက်လည်းမဟုတ်ပါဘူး"

Ni-Kiပြုံးပြကာအသာဖြေလိုက်မိရင်း ဘေးနားမှစူပုတ်ထိုင်နေသောSunghoonကိုလည်း မသိမသာလက်တို့လိုက်သည်။

Sunghoonတယောက်ဘာကိုမကြည်လို့မကြည်မှန်း သူလည်းမသိ။ သူသိသည်ကတော့ ဆရာဝန်မမတိုက်တွန်းချက်ကြောင့် လက်ရှိတွင်သူတို့သုံးယောက်လုံး Heeseungဆေးရုံခန်းထဲရောက်နေခြင်းပင်ဖြစ်ကြောင်း။

"sorryနော်Heeseung။ Sunghoonကနဂိုကတည်းက တစိမ်းတွေဆိုအခေါ်အပြောမလုပ်တတ်လို့"

Ni-Kiအားနာကာ ကြားကပဲတောင်းပန်စကားဆိုလိုက်တော့ နားလည်ဟန်ပြုံးပြလာသောHeeseung။

"မင်းတို့ကတကယ်တော်တာပဲ။ ငါလည်းငယ်ငယ်ကဆရာဝန်ဖြစ်ချင်ခဲ့တာ။ ငါ့ကိုကုပေးတဲ့ဆရာဝန်တွေကိုကြည့်ပြီး ငါလည်းကြီးလာရင် သူတို့လိုသူများအသက်တွေကိုကယ်မယ်ဆိုပြီး တွေးထားခဲ့တာ။ ကလေးအတွေးတွေကတကယ်ဖြူစင်တယ်နော်"

ပေါ့ပေါ့ပါးပါးပင် အရီတဝက်နှင့်ပြောလာသောHeeseungစကားများအား Ni-KiရောSunghoonပါလိုက်မရီမိ။ လူတယောက်၏မပြည့်ဝနိုင်တော့သောအိမ်မက်များသည် ပေါ့ပေါ့ပါးပါးရီ၍ကျော်လိုက်သင့်သည့်အရာများဖြစ်သည်ဟု သူတို့မထင်မိပေ။

မသိမသာနေရခက်သွားသောဆေးရုံခန်းလေးသည် ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားလေတော့သည်။

ထိုစဉ်တွင်ပဲ...

"Lee Heeseungရေ မင်းသူငယ်ချင်းလာတယ်ဟေ့"

ရုတ်တရက်ပွင့်သွားသောတံခါးနှင့်အတူ ထွက်ပေါ်လာသည့်အောင်မြင်သောအသံ။ Ni-KiရောSunghoonပါထိတ်လန့်တကြားဖြစ်ကာ အနောက်လှည့်ကြည့်လိုက်မိတော့ သူတို့မြင်လိုက်ရသည်က နေမင်းကြီးတောင်အရှုံးပေးရလောက်အောင် တောက်ပစွာပြုံးပြနေသောကောင်လေးတယောက်။ သူတို့နှင့်ရွယ်တူ သို့မဟုတ် သူတို့ထက်ပင်ငယ်ဦးမည်ထင်သည်။

သူတို့နှစ်ယောက်ထိုကောင်လေးအား သေချာကြည့်နေမိသလို ထိုကောင်လေးသည်လည်း ရုတ်တရက်ဆိုသလ ိုမျက်မှောင်ကြုံ့သွားကာ သူတို့နှစ်ယောက်အား ပြန်စိုက်ကြည့်နေတော့သည်။

Till we meet againWhere stories live. Discover now